အမေရိကန်နိုင်ငံတွင် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်မြောက် အခမ်းအနားနှင့် Burma Day အလံတင် အခမ်းအနားပြုလုပ်
ရန်ကုန်၊ ဩဂုတ် ၄
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ ဘာကလေမြို့တွင် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် Burma Day အလံတင်ပွဲ အခမ်းအနားကို ဒီမိုကရေစီအင်အားစုများနှင့်အတူ ကျောင်းသားမျိုးဆက်များ၊ ဗကသ(ဆန်ဖရန်စစ္စကို)တို့က စုပေါင်းကျင်းပခဲ့ခြင်း သိရသည်။
Burma Day နေ့အဖြင့် ခွပ်ဒေါင်းအလံတော်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်အလံတော်တို့ကို အမေရိကန်အလံတော်နှင့်အတူ တွဲတင်ခဲ့ပြီး အခမ်းအနားကို ကျောင်းသားကျောင်းသူများ၊ မျိုးဆက်သစ်လူငယ်များ၊ ၈၈၈၈ အင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ထောက်ပို့ပြည်သူများ တက်ရောက်ခဲ့ကြကာ သမိုင်းအဆက်ဆက် ကျဆုံးသွားသော အာဇာနည်အပေါင်းအတွက် ဘာသာပေါင်းစုံမှ ဆုတောင်းပွဲကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။