26 C
Yangon

မုံရွာမြို့ နည်းပညာတက္ကသိုလ်တွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်စခန်းကို Rocket ၂၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

Must read

မုံရွာမြို့ နည်းပညာတက္ကသိုလ်တွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်စခန်းကို Rocket ၂၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နည်းပညာ‌‌တက္ကသိုလ်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို Rocket ၂၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း မင်းကင်းမြို့နယ် Local တပ်ပေါင်းစု တာဝန်ရှိသူ ဗိုလ်တာနောက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မုံရွာမြို့ နည်းပညာ‌‌တက္ကသိုလ်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး ရဲဘော်များက Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ဒရုန်းယာဉ် ၃ စီး အသုံးပြုပြီး ဗုံးသီး ၁၉ လုံးချ တိုက်ခိုက်ခဲ့သလို Rocketနဲ့လည်း ပစ်ခတ်ခဲ့ သေးတယ်။ Rocket အလုံးအရေ အတွက်က ၂၇ လုံး နဲ့ ပစ်ခတ်ခဲ့တာ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ဘက်က အထိခိုက်တာ့ မရှိခဲ့ဘူး။ စစ်ခွေးတွေဘက်ကတော့ ကျနော်တို့ပစ်တဲ့ လက်နက်တွေကြောင့် စစ်ခွေး ၃ ကောင်ကတော့ နေရာမှာတင် သေဆုံးတယ်။ ၄ ကောင်က တော့ ဆေကုသမှု ခံနေရတယ်လို့ အတွင်းသတင်းအတိကျ သိထားရတယ်” ဟု မင်းကင်းမြို့နယ် Localတပ် ပေါင်းစု တာဝန်ရှိသူ ဗိုလ်တာနောက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၃ နှင့် မင်းကင်းမြို့နယ် Lcal တပ်ပေါင်းစုအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article