30 C
Yangon

စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာနှင့် နွယ်ရုံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံး

Must read

စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာနှင့် နွယ်ရုံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၄

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာနှင့် နွယ်ရုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း မန္တလေး PDF က ပြောဆိုသည်။

ဩဂုတ်လ ၄ ရက်နေ့ တွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ်အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပိတ်ပင်ထားသော အတွဲလိုက် ဗုံးသီး (Cluster Bombs) များ အသုံးပြု၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ ပြည်သူများ အစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် စဉ့်ကူးမြို့နယ် ၊ ကံတောင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၃ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ် ၊ နွယ်ရုံကျေးရွာကို လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၁၀ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်၏ စစ်ရှုံး စစ်ကောင်စီအနေဖြင့် ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် စစ်တပ် တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော လုပ်ရပ်ဖြစ်ပြီး ကြီးမားသော စစ်ရာဇဝတ်မှုပင် ဖြစ်ကြောင်း မန္တလေး PDF က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article