30.5 C
Yangon

နောင်ချိုမြို့နယ်တွင် စစ်အင်အား ဖြည့်တင်းနေသော စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေ၊ ကျောက်မဲတွင် စစ်တပ်က လေကြောင်းဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်း

Must read

နောင်ချိုမြို့နယ်တွင် စစ်အင်အား ဖြည့်တင်းနေသော စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေ၊ ကျောက်မဲတွင် စစ်တပ်က လေကြောင်းဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်း

ရန်ကုန်၊ ဩဂုတ် ၄

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် စစ်အင်အား ဖြည့်တင်းနေသော အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲပြင်းထန်နေပြီး ကျောက်မဲတွင် စစ်တပ်က လေကြောင်းဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ သြဂုတ်လ ၄ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် နောင်ချိုမြိုနယ်၊ ရွှေမုဠောရွာကို စစ်အင်အား ဖြည့်တင်းလာသော အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန် တပ်စခန်းဖြစ်သော စကခ-၁ ၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်း အနီးတဝိုက်ကိုလည်း စစ်တပ်က Jet Fighter ဖြင့် ၃ ကြိမ်၊ ပတ္တမြားစေတီအနီးတဝိုက်ကို Jet Fighter ဖြင့် ဗုံး ၄ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့တွင် ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းကို အကြမ်းဖက် စစ်တပ်က Y12 ဖြင့် လက်နက်ခဲယမ်း ၁၃ ထုတ် လာရောက်ကျဲချပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article