ရန်ကုန်၊ ဩဂုတ် ၆
မကွေး၊ ဆိပ်ဖြူမြိုနယ်တွင် လုံခြုံရေးယူရန် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်အရာရှိ အပါအဝင် စစ်သား ၁၀ ဦးသေဆုံး ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ တာဝန်ခံ ကိုသူရိန်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။
ဩဂုတ်လ ၃ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ဆိပ်ဖြူမြိုနယ်၊ ထမ္မခေါက်ကျေးရွာ စစ်တပ်အထိုင်တပ် စခန်းမှ စစ် သား ၂၀ ခန့်သည် ဆိပ်ဖြူ-ပေါက် လမ်းမပေါ်သို လုံခြုံရေးယူရန် ရှေ့ကင်းထွက်လာကြောင်း၊ ပုံမှန်ရပ်နားလေ့ရှိသော ချတောက်ရွာထိပ်အရောက် အသင့်ကြိုထောင်ထားသော မိုင်းကွင်းအတွင်း ဝင်ရောက်လာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံး ပြီး ၄ ဦးမှာ ခြေပြတ်လက်ပြတ် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သူတိုက ကပစ လာတဲ့ကားတွေကို လမ်းကင်းယူပေးတယ်၊ ခရီးသွားကားတွေကိုလည်း စစ်ဆေးပြီး ဆက်ကြေးကောက်တယ်။ ပုံမှန်လုပ်နေကြဆိုတော့ ကျနော်တိုက ကြိုတင်ပြီး မိုင်းထောင်ထားခဲ့တာ၊ ရောက်လာပြီး မိုင်းကွင်းပေါ်ကို ငုတ်တုတ် ထိုင်ပြီး မနက်စာ စားဖိုပြင်နေတဲ့အချိန်မှာ မိုင်းခွဲ လိုက် တာ၊ အရာရှိက ဒုဗိုလ် လိုတော့ သိရတယ်။ ခြေပြတ်လက်ပြတ်ဖြစ်သွားတဲ့ ၄ ဦးကိုတော့ အဲဒီနား ရွာထဲက ဘုန်ကြီးကျောင်းထဲက ကားနဲ့ ဆိပ်ဖြူဆေးရုံကိုသယ်သွားတယ်၊ ဆိပ်ဖြူဆေးရုံက မရတော့ မိတ္ထီလာဆေးရုံကို သယ်သွားတယ်လို သတင်းရထားပါတယ်” ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲမှ တာဝန်ခံ ကိုသူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ NSP (ပကဖ)၊ ဆိပ်ဖြူမြို နယ် ပကဖ နှင့် ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၃ NSP တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
ဓာတ်ပုံ – ဆိပ်ဖြူမြိုနယ်၊ ထမ္မခေါက်ကျေးရွာ စစ်တပ်အထိုင်တပ် စခန်းမှ စစ် သား ၂၀ ခန့် ဆိပ်ဖြူ-ပေါက် လမ်းမပေါ်သို လုံခြုံရေးယူရန် ထွက်လာစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar