26 C
Yangon

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၇

စစ်ကိုင်းတိုင်း၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Brother Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ သြဂုတ်လ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝမ်ပေါင် ယမ်စီမှ ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မုံရွာ-ပုသိမ် လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဝမ်ပေါင် ယမ်စီ ကနေ ကင်းပုန်း ထွက်လာတဲ့ စစ်ခွေးတွေကို မုံရွာ-ပုသိမ် လမ်းပိုင်းမှာ ဒီနေ့ မနက် ၇ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ကောင် ပွဲချင်းပြီးသေတယ်။ ကျန် ၂ ကောင်ကတော့ ထိခိုက်ဒဏ်ရာ ပြင်းထန်တယ်။ မျက်မြင်တွေ့ခဲ့တာပါ” ဟု Brother Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင် ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထောက်ပို့ ပြည်သူများ၏ ကူညီလှူဒါန်း ပေးမှုများ လိုအပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် စစ်တပ်နှင့် ဝေးရာ နေရာများကို အတတ်နိုင်ဆုံး ရှောင်ရှား သွားလာကြရန် Brother Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – Brother Defense Force အဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article