32 C
Yangon

မန္တလေးအတွက် အုပ်ချုပ်မှုလုပ်ငန်းများ ထူထောင်ရေး၊ စစ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင် ကူညီရေး ကြိုတင်စီမံ ဆောင်ရွက်ရန် NUG ဝန်ကြီးချုပ် ဒုတိယအကြိမ် သတိပေး

Must read

မန္တလေးအတွက် အုပ်ချုပ်မှုလုပ်ငန်းများ ထူထောင်ရေး၊ စစ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင် ကူညီရေး ကြိုတင်စီမံ ဆောင်ရွက်ရန် NUG ဝန်ကြီးချုပ် ဒုတိယအကြိမ် သတိပေး

ရန်ကုန်၊ ဩဂုတ် ၈

မန္တလေးဒေသအတွက် လိုအပ်သော အုပ်ချုပ်မှုလုပ်ငန်းများ ထူထောင်ရေး၊ စစ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင် ထောက်ပံ့ကူညီရေးကြိုတင်စီမံ ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ထပ်မံ အသိပေးပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၂၉/၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်း ထပ်မံ သတိပေး၊ အသိပေးပြောဆိုသွားခြင်းဖြစ်သည်။

“မန္တလေးဒေသအတွက် လိုအပ်တဲ့ စစ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင်ထောက် ပံ့ကူညီရေးနဲ့ အုပ်ချုပ်ရေးထူထောင်မှုလုပ်ငန်းတွေကို ဂရုတစိုက်နဲ့ ကြိုပြီး စီမံ ဆောင်ရွက်စေလိုပါကြောင်း၊ မြို့နယ်တွင်းပြဿနာတွေကို ကိုင်တွယ်တဲ့အခါမှာလည်း တတ်နိုင်သမျှ ပြဿနာ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ပြီး အမှားကျူးလွန်သူ တွေကို ထိထိရောက်ရောက်အပြစ်ပေးဖို့လိုသလို မှန်မှန်ကန်ကန် ဆောင်ရွက်နေသူတွေကိုလည်း မှားယွင်းအပြစ်မပေးမိအောင် စီမံကြရမှာဖြစ်ပါကြောင်း” NUG ဝန်ကြီးချုပ်က အသိပေးပြောဆိုသည်။

ယခုကဲ့သို့ အသိပေး၊ သတိပေးမှုမှာ ဒုတိယအကြိမ် သတိပေးမှုဖြစ်ပြီး ဇူလိုင် လ ၃၀ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၂၁/၂၀၂၄ တွင်လည်း မန္တလေးအထိ ပြည်သူ့ကာကွယ်ရေးတပ်များ၏ စစ်ရေးလှိုင်းများ ဆင်းလာနေပြီဖြစ်၍ ကဏ္ဍအသီးသီးအတွက် ကြို တင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက ပထမအကြိမ် သတိပေးပြောဆိုခဲ့ဖူးသည်။

ထို့ပြင် ပြည်တွင်းတွင် စစ်ဘေးရှောင်ကူညီရေးနှင့် ဆေးဝါးပြတ်တောက်မှု ထောက်ပံ့နိုင်ရေးကိုလည်း စနစ်တကျ ထည့်သွင်းစဉ်းစားရန် ၎င်းက သတိပေးပြောဆိုထားသည်။

“ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းမှာတော့ လက်ရှိအရေးပေါ်အခြေအနေတွေနဲ့၊ စစ်ဘေးရှောင်ကဏ္ဍတွေကို တိုက်ရိုက်အထောက် အကူပြုတဲ့ လုပ်ငန်းများဘက်ကို ပိုပြီး အားဖြည့်သုံးစွဲစေလိုပါကြောင်း။ ပြည်တွင်းမှာ ဆေးဝါးပြတ်တောက်မှုတွေပါ ဖြစ်လာနေတာကြောင့် ကျွန်တော်တို့ တော်လှန်ရေးရဲဘော်များနဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့နိုင်ဖို့ကိုလည်း စနစ်တကျ ထည့်သွင်းစဉ်းစားကြစေလိုပါကြောင်း” ဝန်ကြီးချုပ်က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article