33 C
Yangon

ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာသစ်ကုန်းရွာနှင့် ရွာမရွာကို ထပ်မံ မီးရှို့ဖျက်ဆီး နေအိမ် ၆၀ ကျော် မီးလောင် ပျက်စီး

Must read

ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာသစ်ကုန်းရွာနှင့် ရွာမရွာကို ထပ်မံ မီးရှို့ဖျက်ဆီး နေအိမ် ၆၀ ကျော် မီးလောင် ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရွာသစ်ကုန်းရွာနှင့် ရွာမရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ကန့်ဘလူတိုက်နယ် ပကဖ လှုပ်ရှားရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေခြင်းကြောင်း၊ ဩဂုတ် ၈ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်ကြောင်းသည် ရွာသစ်ကုန်းရွာနှင့် ရွာမရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေက ဇူလိုင်လ ၂၅ ရက်နေ့တည်းကစပြီး စစ်ကြောင်းထိုးနေတာ အခုထိ အဲစစ်ခွေးတွက ရွာမရွာ ဆည်ဘောင်မှာ နေရာယူထားတုန်းပဲ အင်အား ၁၀၀ လောက်ရှိတယ်။ ရွာတွေကို ဆက်တိုက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတာ ရွာသစ်ကုန်းရွာနဲ့ ရွာမရွာက နေအိမ် ၆၀ ကျော် စစ်ခွေးတွေ မီးရှို့လို့ မီးလောင် ပျက်စီးသွားတယ်” ဟု ကန့်ဘလူတိုက်နယ် ပကဖ လှုပ်ရှားရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် သရက်ကောင်းရွာမှ နေအိမ် ၇၅ လုံး ၊ ရှမ်းတပ်ရွာမှ နေအိမ် ၁၁၅ လုံး ၊ မဲသည်ရွာမှ နေအိမ် ၆၅ လုံး ၊ သပြေသာရွာမှ နေအိမ် ၄၅ လုံး ၊ ဘိုကုန်းရွာမှ နေအိမ် ၆၄ လုံး ၊ ပေလည်ရွာမှ နေအိမ် ၆၀ လုံး ၊ ဆူးပုတ်ကုန်းရွာမှ နေအိမ် ၁၀ လုံး နှင့် ညောင်ဇင်ကြီးရွာမှ နေအိမ် ၄၀ လုံးတို့ကို မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article