29 C
Yangon

ငါန်းဇွန်မြို့နယ်၊ ဘုရားဝင်း အတွင်း အရက်သောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

Must read

ငါန်းဇွန်မြို့နယ်၊ ဘုရားဝင်း အတွင်း အရက်သောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၁

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ဘုရားဝင်း အတွင်း အရက်သောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TGYR Youth Guerrilla Counter Revolution NZ(ငါန်းဇွန်) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဩဂုတ် ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ငါန်းမြာကြီးကျေးရွာ ရဲကင်းစခန်း၌ အင်အားဖြည့်တင်းရန် ရောက်နေသည့် အကြမ်းဖက် စစ်သား ၅၀ ခန့်သည် ငါန်းမြာကြီး ရဲစခန်းအနောက်ဘက် ဘုရားဝင်း အတွင်း အထိုင်ချတပ်ဆွဲကာ အရက်သေစာသောက်စား မူးရူးနေချိန် တော်လှန်ရေး တပ်ဖွဲ့များက Drone အကြီး ၄ စီးဖြင့် 2Kg ဗုံးသီး ၁၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ငါန်းမြာက ရဲကင်းစခန်းရှိတယ်လေ။ အခုရောက်တဲ့ အဖွဲ့က အင်အားလာဖြည့်တာ။ရောက်တာနှစ်ရက်ဘဲရှိပါသေးတယ်။ ၎ ဦးသေတယ် အထိအခိုက်က အတော်များတယ်။ မနေ့ညနေကစလို့ သူတို့နားကို ပြည်သူတွေ အလာကိုမခံတော့တာ။ သိမှာ စိုးရိမ်နေကြတာ”ဟု TGYR Youth Guerrilla Counter Revolution NZ(ငါန်းဇွန်) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြောကြားသည်။

တော်လှန်ရေးအဖွဲ့များက ဒရုန်းနှင့် ဗုံးသီးချပြီး ညနေ ၅နာရီကျော်အထိ အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ဆဲဆိုနေကာ ကျေးရွာနေ ပြည်သူများကိုလည်း ညအပြင်ထွက်လျှင် ပစ်မည်ဟု ခြိမ်းခြောက်ဆဲဆိုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို TGYR Youth Guerrilla Counter Revolution NZ(ငါန်းဇွန်)၊ Black Eagle Defence Force-MMU၊ မြင်းမူမြို့နယ် ပ.က.ဖ၊ Farmers Revolution Force(တပ်ရင်း -၈)၊ Wings OF KSU၊ 925 ‌ပျောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် ပ.က.ဖ အဖွဲ့တို့ ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article