26 C
Yangon

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာချုပ်မှ ဖမ်းဆီးရမိသော ပြင်းထန် ဒဏ်ရာရရှိထားသည့် စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် မိသားစု ဝင် ၃၃၁ ဦးကို MNDAA က ၅ ကြိမ်မြောက် ပြန်လွှတ်ပေး

Must read

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာချုပ်မှ ဖမ်းဆီးရမိသော ပြင်းထန် ဒဏ်ရာရရှိထားသည့် စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် မိသားစု ဝင် ၃၃၁ ဦးကို MNDAA က ၅ ကြိမ်မြောက် ပြန်လွှတ်ပေး

ရန်ကုန်၊ ဩဂုတ် ၁၂

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရမိသော ပြင်းထန် ဒဏ်ရာရရှိထားသည့် စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် မိသားစုဝင် ၃၃၁ ဦးကို MNDAA နှင့် PDF ပူးပေါင်းတပ်က ၅ ကြိမ်မြောက်အဖြစ် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရမိသော MNDAA နှင့် PDF ပူးပေါင်းတပ်က စစ်သုံ့ပန်း မိသားစုဝင်များနှင့်အတူ ပြင်းထန် ဒဏ်ရာရထားသော စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် စုစုပေါင်း ၃၃၁ ဦးကို SSPP နှင့် ပူးပေါင်း ချိတ်ဆက်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ PDF ပူးပေါင်းတပ်နဲ့ ကိုးကန့်တပ် MNDAA တို့က စစ်ကောင်စီရဲ့ လားရှိုး ရမခ ကို သိမ်းပိုက် တိုက်ခိုက်စဉ်က ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုတွေကို အသုတ်လိုက် နေ့စဉ် လွှတ်ပေးလျှက်ရှိပါတယ်။ ဩဂုတ်လ ၁၁ ရက်နေ့မှာ စစ် သုံ့ ပန်း မိသားစုဝင်တွေနဲ့အတူ ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦးကို ဒဏ်ရာကုသပေးပြီး SSPP နဲ့ ပူးပေါင်း ချိတ်ဆက်ပြီး စစ်ကောင်စီထံ လွှဲပြောင်းပိုဆောင်လိုက်ပါတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

MNDAA တပ်ဖွဲ့ကလားရှိုးတွင် ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း မိသားစုအရေ အတွက် ၂၀၀၀ ကျော်ရှိနေပြီး ၁၈၀၇ ဦး လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ စစ်သုံ့ပန်း မိသားစုများကို ဩဂုတ်လ ၆ ရက်နေ့မှစတင်လွှတ်ပေးခဲ့ပြီး ပထမဆုံးအကြိမ် ဩဂုတ်လ ၆ ရက်နေ့တွင် ၃၈၅ ဦး၊ ဒုတိယအကြိမ် ဩဂုတ်လ ၇ ရက်နေ့တွင် ၄၄၅ဦး၊ တတိယအကြိမ် ဩဂုတ်လ ၈ ရက်နေ့တွင် ၃၀၈ ဦး၊ ၄ ကြိမ် မြောက် ဩဂုတ်လ ၉ ရက်နေ့တွင် ၃၃၈ ဦး၊ ၅ ကြိမ်မြောက် ဩဂုတ် ၁၁ ရက်နေ့တွင် ၃၃၁ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article