27 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း တိုက်တိုင်းရှုံးနေတဲ့ စစ်ရေး မဟာဗျူဟာတွေကို ပြန်လည် သုံးသပ်နေပြီး ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီးတော့ အထက်အမိန့် စောင့်စရာ မလိုပဲ စစ်ဆင်ရေးအတွက် တိုင်းမှုးတွေနဲ့ ဗိုလ်ချုပ်တွေကို အာဏာအပြည့်ပေးဖို့ လုပ်နေပြန်တယ်လို့ နေပြည် တော်စစ်တပ်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဇရပ်ကွင်း နယ်မြေရဲစခန်းကို မန္တလေး PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ထပ်မံ သိမ်းပိုက်ရရှိသွားပြီး ၊ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ တပ်ရင်းနဲ့ စစ်တပ်စခန်းပေါင်း ၉ အထိ သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ မန္တလေး PDF ကနေ ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာပဲ တရားဝင် သတတင်းထုတ်ပြန်လိုက်ပါတယ်။
  • လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာချုပ်ကနေ ဖမ်းဆီးရမိထားတဲ့ ပြင်းထန် ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် မိသားစုဝင် ၃၃၁ ဦးကို ဩဂုတ်လ ၁၁ ရက်နေ့ဖြစ်တဲ့ မနေ့ကပဲ MNDAA က ၅ ကြိမ်မြောက် ပြန်လွှတ်ပေးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article