29 C
Yangon

တောင်ငူ-သံတောင် လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

တောင်ငူ-သံတောင် လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဩဂုတ် ၁၃

ကရင်ပြည်နယ်နှင့်ပဲခူးတိုင်း အစပ်ရှိ တောင်ငူ-သံတောင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် တောင်ငူမြို့မှ သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်သားများက အင်အားဖြည့်ရန် စားနပ်ရိက္ခာနှင့် စစ်သားများလိုက်ပါလာသည့် ယာဥ်တန်းကို တပ်မဟာ ၂ (Thawthikho) တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ၆ မိုင်နှင့် ၇ မိုင် အကြားတွင် အနီးကပ် ဆီးကြို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေဘက်က ထိခိုက် သေဆုံးမှုကိုတော့ အခုထိ မသိရသေးဘူး။ စုံစမ်းနေတုန်းပါပဲ” ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်ကလည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ နှင့် အကြမ်းဖက် စစ်ကောင်စီတို့ တောင်ငူ-သံတောင်ကြီး လမ်းပိုင်းရှိ ရွှေညောင်ပင် ကျေးရွာ အောက်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာကို လာရောက်သည့် အကြမ်းဖက် စစ်ကောင်စီဘက်မှ စစ်ကူများကိုလည်း ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ထပ်မံ တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲမှာ အကြမ်ဖက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များစွာရှိတယ်။ စစ်ခွေးတွေကို အရပ်သား ပြည်သူပိုင် ကားတွေနဲ့ သယ်ဆောင်သွားတယ်” ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article