33 C
Yangon

ဘီးလင်းမြို့အဝင်ရှိ စစ်ကောင်စီ တပ်သားများ ငွေကြေး အဆမတန် တောင်းခံနေသော ၂၀၀ တန်ဂိတ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ဘီးလင်းမြို့အဝင်ရှိ စစ်ကောင်စီ တပ်သားများ ငွေကြေး အဆမတန် တောင်းခံနေသော ၂၀၀ တန်ဂိတ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့အဝင်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ငွေကြေး အဆမတန် တောင်းခံနေသော ၂၀၀ တန်ဂိတ်ကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၂၇ မိနစ်ခန့်တွင် ဘီးလင်းမြို့အဝင်ရှိ ငွေကြေး အဆမတန် တောင်းရမ်းနေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲနှင့် ပျူစောထီးများကို PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့က ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အပြန်လှန် ပစ်ခတ်မှူများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိတ်သည် စစ်အာဏာသိမ်းပြီးနောက် စည်ပင်ဝန်ထမ်းများမှ မနေရဲဘဲ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲများနှင့် ပျူစောထီးအဖွဲ့များက ပူးပေါင်း၍ မိသားစုလိုက် လေလံယူကာ ဂိတ်ကြေးများကို အဆမတန် အတောင်းကြမ်းနေသော ဂိတ်တစ်ခုဖြစ်ကြောင်း PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ယင်းတိုက်ခိုက်မှုအတွင်း ဂိတ်စခန်းအနီးရှိ ဈေးဆိုင်တစ်ခုမှ အမျိုးသမီး ၁ ဦးလည်း နှစ်ဖက်အပြန်လှန် ပစ်ခတ်မှုကြောင့် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ထောင့်တိုင်များ လည်ပတ်နေသော ဂိတ်စခန်း၊ အလောင်းကစားဝိုင်းများ နှင့် ပတ်သက်မှုရှိသော နေရာဒေသများကို ရှောင်ရှား သွားလာကြရန် မေတ္တာရပ်ခံကြောင်း PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article