33 C
Yangon

နောင်ချိုနှင့် သီပေါ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

Must read

နောင်ချိုနှင့် သီပေါ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

ရန်ကုန်၊ ဩဂုတ် ၁၃

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာ၌ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

နောင်လင်ရွာ၌ အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၀၂ တပ်ရင်း၊ အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၂၅ တပ်ရင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၀၆ တပ်ရင်းတို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နောင်ချိုမြိုနယ်တိုက်ပွဲ အတွင်းတွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်နှင့် Y-12 ထောက်ပို့လေယာဉ်ဖြင့် ၁၁ ကြိမ် ဗုံး ၈၅ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ သီပေါမြို့ ခလရ ၂၃ တပ်စခန်းနေရာတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၁ ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် ၈ ကြိမ် ဗုံး ၄၄ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန်တုံမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မန်ဆာကျေးရွာကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၁ လုံးအပါအဝင် ဗုံး ၅ လုံး အရပ်သား ပြည်သူများကို ဦးတည်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article