26 C
Yangon

သီပေါမြို့တွင် ၅ ရက်တာအတွင်း စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

သီပေါမြို့တွင် ၅ ရက်တာအတွင်း စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၁၄

ရှမ်းပြည်နယ်၊ သီပေါမြို့တွင် ၅ ရက်တာအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၂ ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း TNLA က ပြောဆိုသည်။

သြဂုတ်လ ၉ ရက်နေ့ မှ ၁၃ ရက်နေ့အထိ ၅ ရက်တာအတွင်း အကြမ်းဖက် စစ်တပ်က သီပေါမြို့နယ်အတွင်း နေ့စဥ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ်မှု ပြုလုပ်ခြင်းကြောင့် ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်း တို့ကို လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင် ၁ ပါးနှင့် ကလေးငယ် ၁ ဦးအပါအဝင် ဒေသပြည်သူ ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ယင်းဒေသရှိ မြို့ခံပြည်သူများလည်း ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံဘက်သို့ စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က မြောက်ပိုင်းညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း (ရမခ) အပါအဝင် မြို့များ စွန့်လွှတ်ခဲ့ရခြင်းကြောင့် စစ်ရှုံးနေသည့် အကြမ်းဖက် စစ်တပ်သည် ရှုံးမဲမဲကာ ပြည်သူလူထုကို ဦးတည်၍ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်ခဲ့ကြကြောင်း TNLA ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article