26 C
Yangon

ကန့်ဘလူမြို့နယ်၊ ကျေးရွာ ၃ ခုရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး ဘန်ကာများကို ဖျက်ဆီး

Must read

ကန့်ဘလူမြို့နယ်၊ ကျေးရွာ ၃ ခုရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး ဘန်ကာများကို ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျေးရွာ ၃ ခုရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး ဘန်ကာများကို ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် ကန့်ဘလူမြို့နယ်ရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ တပ်စွဲထားသော မကုန်းရွာ၊ ညောင်ဇင်ကြီးရွာနှင့် ဘိုတဲကုန်းရွာရှိ ပျူစောထီး စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသောကြောင့် တော်လှန်ရေး ရဲဘော်များက စခန်းအတွင်းရှိ ဘန်ကာများကို ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင်တပ်ရင်းများဖြစ်သော ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့၊ ကန့်ဘလူမြို့နယ် ပကဖ တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article