29 C
Yangon

ငါန်းမြာကြီးမြို့နှင့် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်တပ်ဖွဲ့ဝင်များကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိ

Must read

ငါန်းမြာကြီးမြို့နှင့် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်တပ်ဖွဲ့ဝင်များကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁၈

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးမြို့နှင့် ရဲစခန်းကို PDF တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိ ထားပြီး စစ်ကောင်စီတပ် သားများကို အရှင်ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရရှိထားကြောင်း ငါန်းဇွန်မြို့နယ်ပကဖမှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုဟရုနာကာဂျီမာက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းနှင့်စစ်ကောင်စီ တပ်သားများ စွဲထားရာနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီတပ်သားများကို အရှင်ဖမ်းဆီးရရှိသည့်အပြင် လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“ငါန်းမြာကြီးမြို့ကိုတော့ သိမ်းလိုက်ပြီ။ အသေးစိတ်အခြေအနေကတော့ ပြောမရသေးဘူး။ လက်ရှိက တိုက်ပွဲပြင်းထန်နေဆဲမို့ပါ။ လက်နက်အချို့နဲ့ အရှင်ဖမ်းမိထားတာတွေရှိသေးတယ်၊ လက်ရှိက ဆီမီး ခုံနဲ့ ငါန်းဇွန်ဘက်ကနေ စစ်ကူလာတယ်။ လေကြောင်းပစ်ကူတွေလည်း ရှိနေတယ်။” ဟု ငါန်းဇွန် မြို့နယ်ပကဖ ဘဏ္ဍာငွေရှာဖွေရေးတာဝန်ခံ ကိုဟရုနာကာဂျီမာက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စစ်ကိုင်းတိုင်းရှိ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအဖြစ် တော်လှန်ရေးတပ်များက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article