26 C
Yangon

ဖြူးမြို့၊ လိပ်ပေါရွာနှင့် စက်ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး၊ လူနာတင်ကားများဖြင့် စစ်သား အလောင်းများ လိုက်ကောက်နေ

Must read

ဖြူးမြို့၊ လိပ်ပေါရွာနှင့် စက်ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး၊ လူနာတင်ကားများဖြင့် စစ်သား အလောင်းများ လိုက်ကောက်နေ

ရန်ကုန်၊ ဩဂုတ် ၂၀

ပဲခူးတိုင်း၊ ဖြူးမြို့၊ လိပ်ပေါရွာနှင့် စက်ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံးပြီးလူနာတင်ကားများဖြင့် စစ်သား အလောင်းများ လိုက်ကောက်နေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် ဖြူးမြို့၊ ၊ လိပ်ပေါရွာနှင့် စက်ကုန်းရွာအကြား စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယင်းထိတွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများ အထိနာပြီး ထိခိုက်မှုများပြားခြင်းကြောင်း ပြန်လည် ထွက်ပြေးသွားပြီး စစ်ကောင်စီ တပ်သားများထံမှ ကျည်တစ်ချို့နှင့်ကျောပိုးအိပ်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကင်းမွန်ခြုံရွာ တာဖြတ်မှလည်း လူနာတင်ကား ၃ စီးဖြင့် အလောင်းများ ပြန်လည် သယ်ထုတ်သွားပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

” မနက်က တိုက်ပွဲမှာ စစ်ခွေး ၅ ကောင်းသေတယ်။ အခု နေ့လည် တိုက်ပွဲမှာလည်း ကားနဲ့ သုံးခေါက်ရှိပြီး စစ်ခွေးအလောင်းတွေပြန်သယ်သွားတယ်။ အခုလည်း တိုက်နေကျတယ်။ စက်ကုန်းနဲ့ ကုန်းရင်းကျေးရွာမှာ ပြည်သူ့ PDF နဲ့စစ်ခွေးတွေ တိုက်ပွဲ ဖြစ်နေတာပါ ၂ ရက်လောက်ရှိပြီ” ဟု ဒေသပြည်သူတစ်ဦးကို ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဖြူးမြို့နယ် ပကဖ Drone အဖွဲ့၊ အာဠာဝက စစ်ကြောင်း၊ ဒေါင်းဖြူစစ်ကြောင်း Drone အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article