26 C
Yangon

ပွင့်ဖြူမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ဖောကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

ပွင့်ဖြူမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ဖောကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၀

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဖောကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မဲဇလိရဲစခန်း မှ ရေရင်ရွာဘက်ကို တက်လာသည့် အကြမ်းဖက် စစ်သား အင်အား ၆၀ ခန့်ပါလိုက်ပါလာသော ဖောကား ၂ စီးကို ရေရင်ရွာ အနောက်ဘက်အရောက်တွင် အသင့်စောင့်ဆိုင်းနေသော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ကျန် ၁ ဦးသည် ဆေးရုံးသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ် သေဆုံးခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို ယင်းနေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ပွင့်ဖြူမြို့နယ်ရှိ ဝါတပ်သို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသောသော ဖောကား ၂ စီးသည် ကြီးအုံ-ကြီးဝ တမံဘက်ကို ထပ်မံ ဝင်ရောက်လာပြီး ဝန်လိုရွာဘက်ကို ထွက်ခွာလာစဉ် နံနက် ၉ နာရီ ၄၈ မိနစ်ခန့်တွင် ဝန်လိုရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်ခြင်း၊ ဒရုန်းများ အသုံးပြုကာ Drop Bomb ကျဲချ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တော်လှန်ရေး တပ်ဖွဲ့နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုစုံစမ်းနေဆဲဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဝန်လိုရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် ဝင်ရောက် စီးနင်းပြီး တန်ဖိုးရှိ ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များကို ယူဆောင်ခြင်း အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့တွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ကျွန်တော်တို့တွေ ထုတ်ပြန်ချက်အတိုင်း လိုက်နာပေးကြတဲ့ ပြည်သူလူထုအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပြည်သူပါဝင်မှုကအဓိကပါ” ဟု မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် (၇) တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ် (၄) တပ်ရင်း၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူ ပ.က.ဖ နှင့် Yenanthar Youth Force LPDF တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article