ရန်ကုန်၊ ဩဂုတ် ၂၃
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ ၃၂ မှ တပ်သား ဇင်မင်းအောင်သည် လက်နက်ခဲယမ်းများနှင့်တကွ KNU ထံတွင် ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည် တော်လှန်မည်ဖြစ်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
သြဂုတ်လ ၁၉ ရက်နေ့ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ အသက် ၂၁ နှစ် အရွယ်ရှိ တပ်သား ဇင်မင်းအောင်သည် MA-1 ၁ လက်၊ ကျည်ဘောက် ၈ ဘောက်၊ ကျည် တောင့် ၂၀၆ တောင့်၊ အီနာဂါ ဗုံး ၁ လုံး ၊ အီကွေးမင့် ၁ စုံ တို့နှင့်အတူ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) တပ်မဟာ ၆ ၊ တပ် ရင်း ၁၇ ထံသို့ လက်နက်ချ ပူးပေါင်းလာကြောင်း သိရှိရသည်။
KNU ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းခဲ့ပြီး တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်ကို ပြန်လည်တော်လှန်မည့် အဆိုပါ တပ်သား ဇင်မင်းအောင်အား ကေအဲန်ယူ – ဒူးပလာယာခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ ၆ က သတ်မှတ်ထားသည့် ထောက်ပံ့မှု ပမာဏအတိုင်း ထောက်ပံ့ကူညီပေးခဲ့ပြီး ၎င်း၏ ဘဝရှေ့ရေးအတွက် ကူညီဆောင်ရွက်စီစဥ် ပေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar