28 C
Yangon

ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးစခန်းကို စွန့်ခွာပြီး ပခန်းကြီးရဲကင်းစခန်းကို ပူးပေါင်းရန်သွား သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၁၀ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးစခန်းကို စွန့်ခွာပြီး ပခန်းကြီးရဲကင်းစခန်းကို ပူးပေါင်းရန်သွား သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၃

ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးစခန်းကို စွန့်ခွာပြီး ပခန်းကြီးရဲစခန်းကို ပူးပေါင်းရန် သွားရောက် သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၁၀ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၁ ရက်မွန်းလွဲ ၁ နာရီ ၂၆ မိနစ်အချိန်တွင် ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးကျေးရွာ စခန်းကို စွန့်ပစ်ထားခဲ့ပီး ပခန်းကြီးရဲကင်းစခန်းကို သွားရောက်ပူးပေါင်းသည့် အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို ကြားဖြတ်၍ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၁၅ မိနစ်လောက်ပဲ ကြာခဲ့တာ။ အဓိကတော့ မိုင်းကို ဦးစားပေးတာပေါ့၊ မိုင်းဆွဲခဲ့တာ။ အဲ ဒီမှာ ၇ ဦးပြုတ်တာ။ အတွင်းသတင်းပေးတာသိရတာကတော့ ဆေးရုံမှာ ထပ်ရောက်တာရော ၁၀ ဦး သေတယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ မျက်မြင်တွေ့လိုက်တာက ၇ ဦးမို့ ကျန်တာ ဒဏ်ရာ ရတာ လို့ ထုတ်ပြန်လိုက်တာ။ ကျနော်တို့ ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးသေဆုံးသွားသော အကြမ်းဖက်စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများ ကို Alphard ကားဖြင့် လာရောက် ကောက်ယူသွားပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) – မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနှင့်အတူ Dragon Brothers People Defense Force (YSO) မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article