26 C
Yangon

စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်သဖြင့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာမှ လူငယ်တိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ် ၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင်လည်း လူငယ် ၂၀ ကျော်ကို ဖမ်းဆီးပြီး စစ်မှုထမ်းရန် ပို့ဆောင်

Must read

စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်သဖြင့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာမှ လူငယ်တိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ် ၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင်လည်း လူငယ် ၂၀ ကျော်ကို ဖမ်းဆီးပြီး စစ်မှုထမ်းရန် ပို့ဆောင်

ရန်ကုန်၊ ဩဂုတ် ၂၄

အကြမ်းဖက်စစ်ကောင်စီက လစဉ် ခေါ်ယူလျက်ရှိသည့် စစ်မှုထမ်းအပတ်စဉ် သင်တန်းများအတွက် လူမပြည့်သဖြင့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကျေးရွာတွင် လူငယ်တိုင်း စစ်မှုထမ်းရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ဆင့်ခေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက လာမည့် စက်တင်ဘာလတွင် စစ်မှုထမ်း အပတ်စဉ် ၅ ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းသင်တန်းအတွက် ရန်ကုန်တိုင်းတွင် လူမပြည့်သဖြင့် ရပ်ကွက်၊ ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းရန် အတွက် မဖြစ်မနေ ဆင့်ခေါ်မှုများကို လုပ်ဆောင်နေကြောင်း၊ ယခင် စစ်မှုထမ်း အပတ်စဉ် သင်တန်းများတွင် ရပ်ကွက်တစ်ခုလျှင် လူငယ် ၂ ဦးမှ ၃ ဦးအထိသာ ခေါ်ယူခဲ့သော်လည်း ယခုအခါ တပ်သားသစ်အရေအတွက် ပြည့်မီခြင်းမရှိသဖြင့် လူငယ်တိုင်းကို မဖြစ်မနေ စစ်မှုထမ်းရန် ခေါ်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီတစ်ခေါက်တော့ ရခိုင်ရိုးလေးကျေးရွာမှာ လူငယ် ၂၀ စစ်မှုထမ်းဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုခေါ်တယ်။ စစ်မှုထမ်းဖို့ ရုံးကနေ အိမ်ကို စာပို့ပြီးခေါ်နေတယ်။ လူငယ် ၂၀ လုံးကို ခေါ်မှာလို့ ပြောတယ်” ဟု ရခိုင်ရိုးလေးကျေးရွာမှ ပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ဩဂုတ်လ ၂၀ ရက်နေ့ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်တွင်လည်း စစ်မှုထမ်းရန် လူလိုသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်နှင့်အဖွဲ့က ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဂိမ်းဆိုင်များနှင့် အနှိပ်ခန်းများကို စီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးကာ အမျိုးသား ၂၀ ဦးထက်မနည်းကို စစ်တပ်ထဲသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

“မရမ်းကုန်း ၁ ရပ်ကွက် အုပ်ကြီးစိန်ဝင်းမြင့်နဲ့အဖွဲ့က ဘုရင့်နောင် ပွဲရုံအတွင်း ဂိမ်းဆိုင်၊ မာစွပ်တွေမှာ ဝင်ဖမ်းတယ်။ လမ်းပေါ်က လူငယ်တွေနဲ့ ဘုရားစေတီမှာ နေ့ခင်းအိပ်သူတွေကိုပါ ဖမ်းဆီးပြီး လူ အယောက် ၂၀ စစ်တပ်ဆီကို စစ်မှုထမ်းဖို့ ပို့ဆောင်ပါတယ်။ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်တာမှာ သူ့တပည့် ဇေယျာထွန်းနဲ့ နန္ဒအောင် ဆိုတဲ့ ပျူစောထီး နှစ်ဦးကလည်း လူငယ်တွေကို ရိုက်နှက်ပြီး စစ်တပ်ထဲပို့တာပါ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စစ်ကောင်စီ၏ ဆင့်ခေါ်မှုကို စစ်မှုထမ်းရန် လူငယ်များ လာရောက်ခြင်းမရှိပါက မိဘဆွေမျိုးများက တာဝန်ယူရမည်ဖြစ်ပြီး လူစားထိုးလိုပါကလည်း ငွေကြေးထည့်ဝင်၍ မိမိတို့ကိုယ်တိုင် ရှာဖွေရမည်ဖြစ်ကြောင်း၊ စစ်မှု ထမ်းရန် အလှည့်မကျသေးသော လူငယ်များနှင့် မိသားစုများအနေဖြင့် စစ်မှုထမ်းရန် စစ်ထဲ ရောက်ရှိနေပြီဖြစ်သော တပ်သားသစ်များနှင့် မိသားစုများကို ထောက်ပံ့ရမည်ဟုဆိုကာ အလှူငွေများလည်း ကောက်ခံနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article