ကျောက်ပန်းတောင်းတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် ကျောက်တံခါးရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ ကျည်ကာအင်္ကျီနှင့် ဓား ၁ ချောင်း သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၂၅
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် ကျောက်တံခါးရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Ah Nyar Myay People’s Defense Force- Kyaukpadaung အဖွဲ့က ပြောဆိုသည်။
ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါး(မြောက်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင်ကို Ah Nyar Myay People’s Defense Force- Kyaukpadaung အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဝင်းအောင်သည် ကျောက်တံခါး(မြောက်)ကျေးရွာမှ ပြည်သူများကို အနိုင်ကျင့် ခြိမ်းခြောက်ခြင်းနှင့် ဒုက္ခပေးခြင်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်နေသူဖြစ်ပြီး ဝင်းအောင်ထံမှ ကျည်ကာအင်္ကျီ ၁ ထည်၊ စစ်သုံးရေဗူး ၁ ဗူးနှင့် ဓား ၁ ချောင်းတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။