28 C
Yangon

တောင်ကုတ်မြို့ခံများ စစ်တပ်အရာရှိ ထောက်ခံစာပါမှ မြို့ပြင်ထွက်ခွင့်ရပြီး ခရီးသွားလာခွင့်ရ

Must read

တောင်ကုတ်မြို့ခံများ စစ်တပ်အရာရှိ ထောက်ခံစာပါမှ မြို့ပြင်ထွက်ခွင့်ရပြီး ခရီးသွားလာခွင့်ရ

ရန်ကုန်| ဩဂုတ် ၂၆

ရခိုင်ပြည် တောင်ကုတ်မြို့ထဲက ဒေသခံပြည်သူများမှာ ပဲခူးတိုင်း ပြည်မြို့ကို သွားမည်ဆိုပါက G1 (စစ်ဦးစီးပထမတန်း) ထောက်ခံစာပါမှ သွားလာ၍ ရကြောင်း မြို့ခံများက ပြောသည်။

ပြည်မြို့သို့ ခရီးသွားလိုပါက G1 ထံ ခွင့်ပြုချက်တောင်းရပြီး စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်ထားခဲ့ရကြောင်း တောင်ကုတ်မြို့ခံ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

” တောင်ကုတ်-ပြည်လမ်းက ခရီးသွားမယ်၊ ဒါမှမဟုတ် ပြည်ကို သွားမယ်ဆိုရင် G1 ထောက်ခံစာယူရတယ်။ ခွင့်ပြုချက်ကျမှ သွားရတာ။ ထောက်ခံစာမရလို့ မသွားရတဲ့သူတွေ တပုံကြီး။ သေချာ စိစစ်တာ။ ဘာသွားလုပ်မှာလဲ၊ ဘယ်မှာနေမှာလဲ၊ ဘာလုပ်ဖို့သွားတာလဲ အစုံကိုမေးမြန်းတာ။ ပြီးတော့ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်ကို ထားခဲ့ရတယ်။ ပြန်လာမှယူပေါ့နော်။ မဟုတ်ရင် သွားခွင့်မပြုဘူး။ ” ဟု ပြောသည်။

G1 သည် စစ်ကောင်စီတပ်ထဲက အရာရှိကြီးတစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်ထွေ/အုပ်၊ ခရိုင်ထွေ/အုပ်ရုံးများကို အဓိကကြီးကြပ်ရပြီး အုပ်ချုပ်ရေးအမိန့်အာဏာများကို တိုက်ရိုက်ကိုင်တွယ်ခွင့်ရရှိသူဖြစ်သည်။

တောင်ကုတ်-အမ်းလမ်းကို ဆိုင်ကယ်နှင့် ခြေလျှင်လျှောက်သူများကိုသာ သွားခွင့်ပြုပြီး ဈေးရောင်းဈေးဝယ်ပြုလုပ်သူများမှာ မှတ်ပုံထားခဲ့ရကြောင်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

” တောင်ကုတ်-အမ်းလမ်းကတော့ သွားခွင့်ပြုတယ်။ ဒါပေမယ့် အမ်းအဆီပဲနော်။ ဈေးသွားဝယ်တဲ့သူတွေရှိတယ်။ ဆေးခန်းသွားပြတာတွေရှိတယ်။ ဆိုင်ကယ်၊ လူလောက်ပဲ ခွင့်ပြုပေးတယ်။ ကားကြီးတွေ၊ တုတ်တုတ်တွေနဲ့ မရဘူး။ အစစ်အဆေးက အမေးအမြန်း အရမ်းထူတယ်။ ငွေညစ်တာလည်းရှိတယ်။ ဈေးသည်အချို့ဆို တားမြစ်ပစ္စည်း ပါတယ်ဆိုပြီး အကြောင်းပြကာ ငွေညစ်တာတွေလည်းရှိနေတယ်။ ” ဟု ပြောသည်။

တောင်ကုတ်မြို့ကို အာရက္ခတပ်တာ် AA က ဝိုင်းရံပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီတပ်နှင့် AA တို့မှာ စစ်ရေးတင်းမာလျှက်ရှိပြီး တိုက်ပွဲလည်း ပြီးခဲ့သည့်လအနည်းငယ်က ကြိုကြားဖြစ်ပွားခဲ့ကြသည်။

လက်ရှိတွင် တိုက်ပွဲမရှိသော်လည်း အာဏာသိမ်း စစ်ကောင်စီ လေတပ်သည် တောင်ကုတ်မြို့နယ်က လူနေကျေးရွာများနှင့် တောင်တန်းများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် သေဆုံးသူ တောင်ကုတ်ဒေသခံ ၆ ဦးအထက်မနည်း ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ- ရခိုင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article