32 C
Yangon

မိုးမောက်နှင့် မံစီ ဘက်ကို စစ်တပ်က ပြန်လည် ထိုးစစ်ဆင်လာသောကြောင့် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကြောင်း ရှေ့ဆက်မတိုးနိုင်

Must read

မိုးမောက်နှင့် မံစီ ဘက်ကို စစ်တပ်က ပြန်လည် ထိုးစစ်ဆင်လာသောကြောင့် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကြောင်း ရှေ့ဆက်မတိုးနိုင်

ရန်ကုန်၊ ဩဂုတ် ၂၆

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်နှင့် မံစီမြို့ဘက်ကို အကြမ်းဖက် စစ်တပ်က ပြန်လည် ထိုးစစ်ဆင်လာသောကြောင့် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ စစ်ကြောင်း ရှေ့ဆက်မတိုးနိုင်ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့တွင် မိုးမောက်မြို့နယ်ဘက်ကို ဗန်းမော်ဘက်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စစ်ကြောင်းထိုးလာ၍ ၆ မိုင်နှင့် ၅ မိုင် အကြား KIAနှင့် ၃ ရက်ဆက် တိုက်ပွဲပြင်းထန် နေကြောင်း သိရသည်။

အလားတူ မံစီမြို့ဘက်ကိုလည်း အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်လာသောကြောင့် မံစီမြို့နှင့် ဗန်းမော်မြို့နယ် အကြားရှိ ကောင်ဂျာယန်တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

“ဗန်းမော်ဘက်မှ စစ်ခွေးတွေ မိုးမောက်ဘက် ပြန်လည် ထိုးစစ်ဆင်လာလို့ ၃ ရက်ဆက်တိုက် ၆ မိုင် နဲ့ ၅ မိုင်အကြားမှာ တိုက်ပွဲပြင်းထန်နေတယ်။ မံစီ ဘက်ကိုလည်း စစ်ခွေးတွေ ထိုးစစ်ဆင်လာလို့ မံစီ နဲ့ ဗန်းမော် အကြား ကောင်ဂျာယန်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ခွေးတွေ အသေများတယ်။ စစ်ခွေးတွေ တိုးလို့မရဘူး” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article