မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်
ရန်ကုန်၊ ဩဂုတ် ၂၇
မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဩဂုတ်လ ၂၆ ရက်နေ့၌ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တောင်ပိုင်းတိုင်း အမှတ် ( ၂ ) စစ်ဒေသ ၊ စစ်ဒေသခွဲ ( ၃ )၊ ဂဠုန်စစ်ကြောင်းနှင့် မွန်ပြည်လွတ်မြောက်ရေး တပ်တော် ( MLA ) ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။