33 C
Yangon

ဝက်ထီးကန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနောက်ပိုင်း စစ်ကွပ်ကဲရေးမှူးနှင့်အတူ အရာရှိ ၄ ဦး၊ ဝက်ထီးကန်မြို့မ ရဲစခန်းမှူး နှင့် ကပဆ ၁၉ မှ အရာရှိ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြား

Must read

ဝက်ထီးကန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနောက်ပိုင်း စစ်ကွပ်ကဲရေးမှူးနှင့်အတူ အရာရှိ ၄ ဦး၊ ဝက်ထီးကန်မြို့မ ရဲစခန်းမှူး နှင့် ကပဆ ၁၉ မှ အရာရှိ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြား

■ စစ်ကောင်စီ တပ်သားအချင်းချင်း မှားယွင်း ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိ

ရန်ကုန်၊ ဩဂုတ် ၂၇

ပဲခူးတိုင်း၊ ဝက်ထီးကန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အနောက်ပိုင်း စစ်ကွပ်ကဲရေးမှူးနှင့်အတူ အရာရှိ ၄ ဦး၊ ဝက်ထီးကန်မြို့မ ရဲစခန်းမှူး နှင့် ကပဆ ၁၉ မှ အရာရှိ ၁ ဦး အပါအဝင် ထိခိုက် သေဆုံးသူ များပြားကြောင်း နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်းက ပြောဆိုသည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင် ဝက်ထီးကန်မြို့၊ ကိုင်းချောင်းကျေးရွာ အရှေ့ဘက် ရွာအဝင်လမ်းတွင် နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း ၂ စစ်ကြောင်းမှူး စောဒေးဗစ် ဦးဆောင်သော အဖွဲ့နှင့် အကြမ်းဖက် စစ်တပ်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှု များပြားပြီး ဖောကားများဖြင့် အင်အား ၆၀ ခန့်စစ်ကူ လာရောက်ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း ပဲခူးတိုင်း အနောက်ပိုင်း စစ်ကွပ်ကဲရေးမှူးနှင့်အတူ အရာရှိ ၄ ဦး၊ ဝက်ထီးကန်မြို့မရဲစခန်းမှူး၊ ကပဆ ၁၉ မှ အရာရှိ ၁ ဦးနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၅ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများ စာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၄ ရက်နေ့တွင်လည်း တိုက်ပွဲ ဖြစ်ပွားသည့် နယ်မြေအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အချင်းချင်း မှားယွင်းပစ်ခတ်ခြင်းကြောင့် ၃ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များသည် အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article