27 C
Yangon

မြင်းမူနှင့် အရာတော်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

မြင်းမူနှင့် အရာတော်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် အရာတော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ် ဝမ်းပြည့် နှင့် အလ္လကပ္ပကျေးရွာအကြား ဒို့မြန်မာကျော်ဆီဆိုင် နှင့် မြောင်လမ်းခွဲ တွင် အထိုင်ချနေသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းများကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်းတပ်ခွဲ (၃)တို့က ဒရုန်းဖြင့် ဗုံးသီး ၁၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်နှင့် သြဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် မြင်းမူမြို့နယ် တောချောင်းဦးကျေးရွာရှိ ရဲစခန်းကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်းတပ်ခွဲ (၃) တို့က ဒရုန်းဖြင့် ၁၁ ကြိမ် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် ထီးဆောင်းနှင့် မြင်းမူမြို့ အကြားတွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းမူမြို့နှင့် အလ္လကပ္ပကျေးရွာ အကြား ဒို့မြန်မာကျော်စီဆိုင်တွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်းတပ်ခွဲ ၃ ၊ စစ်ကိုင်းခရိုင် အမှတ် ( ၆ )တပ်ရင်းတပ်ခွဲ (၁ )နှင့် National Security Force ( NSF)စသောမဟာမိတ်အဖွဲများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ် သလဲဘာပျူစောထီးရွာကို တော်လှန်ရေးတပ်ပေါင်းစုများက မြေပြင်ထိုး စစ် ဝင်ချိန်တွင် People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်းတပ်ခွဲ (၃)မှ တော်လှန်ရေး ရဲဘော်များက ဒရုန်းဖြင့် သလဲဘာကျေးရွာကို အကြိမ် ၂၀ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် အထိုင်ချ နေထိုင်သော စစ်တပ် အထိုင် စခန်းကို Drone ဖြင့် ၄ ကြိမ် ဗုံးခဲ့ကြောင်း၊ သြဂုတ်လ ၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ခန့်တွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာ ရှိ ရဲစခန်းကို ဒရုန်းဖြင့် ၇ ကြိမ် ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်းတပ်ခွဲ (၃)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article