26 C
Yangon

ကျောက်မဲနှင့် သထုံရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီး

Must read

ကျောက်မဲနှင့် သထုံရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၃၀

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယမန်နေ့ ည ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ကျောက်မဲမြို့နယ်၊ ရပ်ကွက် ၁ ရှိ ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးအနီးတွင် လာရောက် ဗုံးကျဲချခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲချမှုကြောင့် ရပ်ကွက် ၁ ရှိ ဒေသအခေါ် ပင်ပေါလေးနှင့် အုတ်ကျင်းအတွင်းရှိ ဒေသပြည်သူ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။

အလားတူ သြဂုတ်လ ၂၇ ရက်နေ့ ညပိုင်း ၁၁ နာရီခွဲခန့်တွင်လည်း ကျောက်မဲမြို့ အမှတ် ၉ ရပ်ကွက်အမှတ် ၂ ရှိ အခြေခံပညာအထက်တန်းကျောင်းအတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး လာရောက် ကျဲချမှုကြောင့် ထိုရပ်ကွက်ရှိ ဒေသ အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့ကြကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများ နေထိုင်ရာကို ဦးတည်ပြီး လေကြောင်းဖြင့် လိုက်လံ ဗုံးကျဲချမှုကြောင့် အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူ အများအပြား ရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက် ပျက်စီး မှုလည်း အများအပြားရှိနေပြီး စစ်ရာဇဝတ်မှုအား ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း TNLA ကပြောဆိုသည်။

အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၆ လုံး လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၂ မိနစ်မှ ၁ နာရီ ၃၅ မိနစ်ခန့်တွင် သထုံမြို့နယ် အတွင်း အကြမ်းဖက်စစ်တပ် အမတ-၃၁၄ နှင့် ခလရ-၈ တပ်ရင်း စခန်းတို့က လက်နက်ကြီး ၉လုံး ပစ်ခတ်ခဲ့ရာ ဒေါင်းရွာ၌ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲပြီး ဒေါင်းရွာနေ အသက် ၄၂ နှစ်အရွယ် ဦးသန်းလွင်နှင့် အသက် ၁၄ နှစ်အရွယ် မောင်သန်းမြင့် နှစ်တို့ ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ကာ ဦးတင်ညွှန့် ပိုင်သော နွား ၁ ကောင်လည်း ထိမှန်ဒဏ်ရာရခဲ့ပြီး ဒေါ်မဌေး၊ ဦးသန်းဝင်း၊ ဦးမြင့်ဦး၊ ဦးချစ်သိန်း တို့၏ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ရကြကြောင်းသိရှိရသည်။

တောင်ကလေးရွာအတွင်း၌လည်း လက်နက်ကြီး ၁လုံး ကျရောက်ပေါက်ကွဲပြီး တောင်ကလေးရွာနေ အသက် ၅နှစ် အရွယ် စောဝင်းကိုကို လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်ညိမ်းနှင့် ဒေါ်ထားမူတို့၏ နေ အိမ်၂လုံး ထိခိုက်ပျက်စီးခဲ့ကြကြောင်းသိရှိရသည်။

ထို့နောက် အကြမ်းဖက် စစ်တပ် အမတ-၄၀၂ တပ်ရင်းစခန်းမှ ညနေ ၄ နာရီခန့်တွင် လက်နက်ကြီး ၂ လုံး၊ ည ၉ နာရီ ၂၁ မိနစ်ခန့်တွင် လက်နက်ကြီး ၄လုံး ထပ်မံ ပစ်ခတ်ခဲ့ကြောင်းKNU ဗဟိုကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article