26 C
Yangon

လားရှိုးတွင် ကျန်းမာရေးဌာနကို CDM ဝန်ထမ်းများဖြင့် လည်ပတ်နေပြီး ပညာရေးဌာနကိုလည်း မကြာမီ လည်ပတ်တော့မည်၊ CDM ဝန်ထမ်းများအားလုံး လုပ်ငန်းခွင် ဝင်လိုလျှင် စာရင်းပေးနိုင်ဟု MNDAA က ဖိတ်ခေါ်

Must read

လားရှိုးတွင် ကျန်းမာရေးဌာနကို CDM ဝန်ထမ်းများဖြင့် လည်ပတ်နေပြီး ပညာရေးဌာနကိုလည်း မကြာမီ လည်ပတ်တော့မည်၊ CDM ဝန်ထမ်းများအားလုံး လုပ်ငန်းခွင် ဝင်လိုလျှင် စာရင်းပေးနိုင်ဟု MNDAA က ဖိတ်ခေါ်

ရန်ကုန်၊ ဩဂုတ် ၃၁

ကိုးကန့် MNDAA က သိမ်းပိုက်သော လားရှိုးမြို့ အုပ်ချုပ်ရေးဌာန ပြန်လည်စတင်လည်ပတ်နေပြီ CDM ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်နိုင်ကြောင်း MNDAA က ဖိတ်ခေါ်လိုက်သည်။

လက်ရှိတွင် လားရှိုးတွင် ကျန်းမာရေးဌာနကို CDM ဝန်ထမ်းများဖြင့် လည်ပတ်နေပြီး ပညာရေးဌာနကိုလည်း မကြာမီ CDM ဝန်ထမ်းများဖြင့် လည်ပတ်တော့မည်ဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် CDM လုပ်ထားသူ ဝန်ထမ်းများ MNDAA သို့ လာရောက် စာရင်ပေးနိုင်ပြီ ဖြစ်ပြီး လက်ရှိအချိန်အထိ စာရင်းပေးသူ CDM ဝန်ထမ်းပေါင်း ၂၇၀ ကျော် ရှိပြီ ဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က ဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့မှ စ၍ CDM ဝန်ထမ်းများ စာရင်းလာပေးနိုင်ပြီဖြစ်ပြီး လားရှိုးမြို့အပြင် တခြားမြို့နယ်မှ CDM ဝန်ထမ်းများလည်း လားရှိုးတွင် စာရင်းလာပေးနိုင်ကြောင်း၊ စာရင်းပေးလိုသူ CDM ဝန်ထမ်းများအနေဖြင့် ဌာန၏ ထုတ်ပယ်စာ ၊အမိန့်စာ မိတ္တူနှင့် တကွ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊ ဌာန၏ ထုတ်ပယ် အမိန့်စာမပါရှိပါက လုပ်ကိုင်ခဲ့သည့် ဌာနမှ အခြား CDM ဝန်ထမ်းတစ်ဦး၏ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ CDM စာရင်းပေးသည့် ဌာနပေါင်း ၂၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“အခု လက်ရှိ CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နေတဲ့ ဌာနကတော့ ကျန်းမာရေးဌာနဖြစ်ပြီးတော့မှ ကုသရေးအပိုင်းဖြစ်ပါတယ်ရှင်။ မကြာခင်မှာတော့ ပညာရေးဌာနတွေလည်း စတင်လည်ပတ်လာတော့မှာ ဖြစ်ပါတယ်။ ကျန်တဲ့ ဌာနတွေကတော့ မြို့နေ ပြည်သူလူထုတွေ ပြန်လည်ရောက်လာတဲ့ အပေါ်မူတည်ပြီးတော့ လည်ပတ်သွားမှာ ဖြစ်ပါတယ်ရှင်” ဟု MNDAA မှ CDM အရေးတာဝန်ရှိသူက ပြောဆိုထားသည်။

လားရှိုးမြို့တွင် CDM များ အလုပ်လုပ်ရန် စာရင်းပေးလိုပါက တယ်လီဂရမ်နှင့် Viber နံပါတ် ဖြစ်သည့် ၀၉၆၆၆၅၈၅၄၉၅ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article