27 C
Yangon

လက်ပံတန်းမြို့နယ်၊ ရေငံရွာမှ လင်မယား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို စစ်သားများက မုဒိမ်းကျင့်၊ မြို့ပေါ် စစ်ရှောင်လာသူများကိုလည်း စစ်တပ်က ပစ်ခတ်ဖမ်းဆီး

Must read

လက်ပံတန်းမြို့နယ်၊ ရေငံရွာမှ လင်မယား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို စစ်သားများက မုဒိမ်းကျင့်၊ မြို့ပေါ် စစ်ရှောင်လာသူများကိုလည်း စစ်တပ်က ပစ်ခတ်ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၃၁

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာမှ လင်မယား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ရေငံရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်း ထွက်ပြေးပဲ ကျန်ရှိခဲ့သည့် ရေငံရွာ မြောက်ပိုင်းတွင် နေထိုင်သည့် လင်မယား ၂ ဦးကို အကြမ်းဖက် စစ်သားများ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးပြီးနောက် အမျိုးသမီးဖြစ်သူ ကလေးမိခင် မဝင်းနွယ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရေငံရွာမှ စစ်ရှောင်ပြည်သူများသည် လက်ပံတန်းမြို့ပေါ်ရှိ ဗောဓိကုန်းအရပ်တွင် လာရောက် စစ်ဘေးတိမ်းရှောင်စဉ် ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်များက ပစ်ခတ် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူ မည်မျှရှိသည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“လက်ပံတန်းမြို့နယ် ရေငံရွာ မြောက်ပိုင်းမှာ ထွက်မပြေးဘဲ ရွာမှာ နေထိုင်နေသည့် ကလေးတစ်ယောက်အမေ မဝင်းနွယ်နဲ့ အမျိုးသားဖြစ်သူကို စစ်ခွေးတွေက ဖမ်းဆီးပြီး မဝင်းနွယ်ကို စစ်ခွေးတွေက မုဒိမ်းကျင့်ခဲ့တယ်လို့ သိရတယ်။ စစ်ခွေးအလောင်းတွေကို လူမနေတဲ့ အိမ်ပေါ်တင်ပြီး မီးရှို့တာတွေလည်း လုပ်ဆောင်နေတယ်။ စစ်ခွေးတွေ မီးရှို့တာကြောင့် လက်ပံတန်းမြို့ပေါ် ဗောဓိကုန်းမှာ လာရောက်စစ်ရှောင်နေတဲ့ ရေငံရွာက စစ်ဘေးရှောင်တွေကို စစ်ခွေးတွေက ပစ်ခတ်ဖမ်းဆီးတာတွေလုပ်နေတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article