26 C
Yangon

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ ရေမျက်နီရွာမှ ထွက်လာသော စစ်ကြောင်းက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ ရေမျက်နီရွာမှ ထွက်လာသော စစ်ကြောင်းက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် မြောက်ခင်ရန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီး ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ရွှေဘိုရွာနှင့် ရေသာရွာဘက်ကို ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ၄ နာရီခန့်ဖြစ်ပွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ထီးလင်းမြို့နယ်၊ ရေမျက်နီရွာ ကင်းစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများသည် ဩဂုတ်လ ၂၈ ရက်နေ့တွင် ရေပုတ်ရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရေမျက်နီ တဝိုက် စစ်ရေး လှုပ်ရှားခဲ့ပြီး ရေမျက်နီ စခန်းကို ပြန်လည်း ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၁ ရက်နေ့တွင် ရေမျက်နီရွာမှ ပြန်လည် ထွက်ခွာလာပြီး ယ​နေ့ ညနေ ၅ နာရီခန့်တွင် တောင်အရပ်ကို ဆက်လက် ဦးတည်နေကာ သတညှစ်ရှောက်ရွာ အရှေ့ဘက် တောင်ကြောပေါ်တွင် ရှိနိုင်ပြီး ထီးလင်းမြို့ဘက်ကို ဦးတည်ကာ စို့ပြားရွာ သို့မဟုတ် ပြင်ဘရွာဘက်ကို ဖြတ်သန်းလျက် တိ၊ ငဆင်း၊ ဝါးရင်းချိုင်၊ ထီးလင်း လမ်းကြောင်းအတိုင်း ဖြတ်သွားနိုင်ကြောင်း ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article