28 C
Yangon

ပလက်၀မြို့နှင့် မင်းတပ်မြို့နယ် တို့တွင် စစ်တပ် ထောင်းထားသော မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ပလက်၀မြို့နှင့် မင်းတပ်မြို့နယ် တို့တွင် စစ်တပ် ထောင်းထားသော မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် အကြမ်းဖက် စစ်တပ်က ထောင်းထားသော မြေမြှုပ်မိုင်း နင်းမိပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဆမီးမြို့ တစ်ဖက်ကမ်းရှိ အကြမ်းဖက် စစ်တပ် စခန်းအနီးတွင် ဟင်းထွက် ရှာရင်း ထွက်လာသည့် အမျိုးသမီး ၁ ဦးသည် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ကာ ဒဏ်ရာကြောင့် သွေးထွက်လွန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားတဲ့ အမျိုးသမီးသည် အသက် ၄၃ နှစ်အရွယ် ဒေါ်သိန်းနု ဆိုသူဖြစ်သူ ကလေး ၄ ယောက် ကျန်ရှိခဲ့ကြောင်း၊ ဒေါ်သိန်းနု၏ အမျိုးသား ဖြစ်သူသည် ၂၀၂၃ နှစ်ကုန်းပိုင်းလောက်ကဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း လက်နက်ကြီးသံနှင့် သေနတ်သံများကြောင့် နှလုံးခုန် ရပ်တန့်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်၊ စံပြရပ်ကွက်၊ လျှပ်စစ်ရုံးအနီးရှိ အိမ်၀န်းတွင် အကြမ်းဖက် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး ခြေထောက် တစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အိမ်၀န်း အတွင်း ပိန္နဲသီးခူးနေစဉ် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး ခြေထောက် တစ်ဖက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ရှင်းလင်း သိမ်းဆည်းနေစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article