27 C
Yangon

ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာကို စစ်တပ် လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

Must read

ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာကို စစ်တပ် လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

ရန်ကုန်၊ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာကို အကြမ်းဖက် စစ်တပ် လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Tigyaing Revoluation – TR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၂ နာရီခွဲမှ ၃ နာရီဝန်းကျင်တွင် မိတ္ထီလာမြို့မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာက မောင်းကုန်းရွာရှိ ပိပိရိရိ ဆိုင်ရှေ့နှင့် ဇာခြည်ဦးဆိုင်ရှေ့ကို ၂ ကြိမ်း ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဆီပေပါတင်ထားသည့် ကားပေါ်ကို ကျရောက် ပေါက်ကွဲကာ ပြည်သူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

“တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ဗုံးလာကျဲတာပါ။ သေဆုံးပြည်သူတွေ အမည် မသိရသေးဘူး”ဟု Tigyaing Revoluation – TR မှ တာဝန်ရှိသူက ပြောဆိုသည်။

ဗုံးကျရောက်ပေါက်ကွဲသည့် နေရာသည် ဈေးအနီးတွင်ဖြစ်ပြီး စစ်ရေး ပစ်မှတ်များ မရှိဘဲ အကြမ်းဖက် စစ်တပ်က ပြည်သူများရှိရာကို လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း Tigyaing Revoluation – TR မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article