26 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားတော်လှန်ရေးတပ်တွေ သိမ်းပိုက် ထားတဲ့ မြို့၊ ရွာတွေကို သတင်းရရှိမှု နဲ့ အခြေအနေ အရပ်ရပ်အပေါ် မူတည်ပြီး လိုအပ်သလို တန်ပြန် ထိုးစစ်ဆင်မယ်ဆိုပြီး ယမန်နေ့က တောင်ကြီးမြို့ကို ရောက်တဲ့အချိန် ပြောသွားပြန်တယ်လို့ သိရပါတယ်။
  • မန္တလေးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှု နောက်ဆက်တွဲအနေနဲ့ လပခ ဌာနချုပ်ထဲက ဒုတိယ အကြမ်းဖက် စစ်ခေါင်းဆောင် စိုးဝင်းရဲ့ ကိုယ်ရေး အရာရှိ ဗိုလ်မှူး ကြီး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၇ ဦးကတော့ အသီးသီး သေကုန်ကြပြီလို့ BWM အဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့ ကိုယ်ရေးသတင်း အချက် အလက်တွေကို အွန်လိုင်းကနေ ထိန်းချုပ်စီမံခန့်ခွဲနိုင်တဲ့ NS-IMS စနစ်ကို အကောင်အထည် ဖော်နေပြီး အဲ့ဒီ့ စနစ်နဲ့ လူငယ်တွေကို ပိုမိုတင်းကျပ်လာနိုင်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article