26 C
Yangon

ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ စက်တင်ဘာ ၄

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Chinland Defense Force-Hakha က ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ ရဲတပ်သား ၁ ဦးသည် G-3 အမျိုးအစား သေနတ် ၁ လက် ယူဆောင်လာပြီး အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အတွက် ပြည်သူ နှင့်အတူ တော်လှန်ရေးတွင် ပူးပေါင်း ပါဝင်လိုခြင်းကြောင့် CDF- Hakha ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်နှင့်အတူ အလင်းဝင်လာသော ရဲတပ်သားကို CDF-Hakha က ဂုဏ်ပြု ဆုငွေ ချီးမြှင့်ခဲ့ပြီး လုံခြုံသောနေရာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article