27 C
Yangon

အကြမ်းဖက်မင်းအောင်လှိုင် လွိုင်ကော်မြို့သို့ ရောက်ရှိချိန် တော်လှန်ရေးတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် လုံခြုံရေး စိတ်မချရမှုတို့ကြောင့် လွိုင်ကော်တက္ကသိုလ်နှင့် လေဆိပ်အပျက်အစီးများ စစ်ဆေးမည့် အစီအစဉ် ဖျက်သိမ်းပြီး တက်သုတ်ရိုက် ထွက်ခွာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွိုင်ကော်မြို့သို့ ရောက်ရှိချိန် ကရင်နီတော်လှန်ရေးတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှု နှင့် လုံခြုံရေးအခြေအနေ စိတ်မချရမှုတို့ ကြောင့် လွိုင်ကော်တက္ကသိုလ်နှင့်လေဆိပ်တို့ကို သွားရောက် စစ်ဆေးကြည့်ရှုမည့် အစီအစဉ်တချို့ကို ဖျက်သိမ်းပြီး တက်သုတ်ရိုက်ပြန်လည် ထွက်ခွာသွားကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လွိုင်ကော်မြို့သို့ ရောက်ရှိလာခဲ့ပြီး အစည်းအဝေးများလုပ် ဆောင်ခဲ့ကြောင်း၊ ယင်းနောက် လုံခြုံရေးအခြေအနေ စိတ်မချရမှုကြောင့် လွိုင်ကော်တက္ကသိုလ်နှင့် လွိုင်ကော်လေဆိပ်တို့ရှိ အပျက်အစီးများကို သွား ရောက် ကြည့်ရှုမည့် အစီအစဉ်များကို မလုပ်ဆောင်တော့ဘဲ ဖျက်သိမ်းခဲ့ကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်များက လက်နက်ကြီးဖြင့် ကယားပြည်နယ်ခန်းသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“လက်နက်ကြီးတွေထုနေတာရော လုံခြုံရေး စိတ်မချတာရောကြောင့် လွိုင်ကော်တက္ကသိုလ် အ ပျက် အစီးတွေ လိုက်ကြည့်ဖို့ လုပ်ထားတဲ့ အစီ အစဉ်ကိုတော့ မလုပ်ဖြစ်တော့ဘူး။ လုံခြုံရေးက အင်အားအများကြီးသုံးခဲ့ပေမယ့် အစီအစဉ်တချို့တော့ မလုပ်ဖြစ်ဘဲ ပြန်ထွက်ခွာသွားတယ်”ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ယမန်နေ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွိုင်ကော်မြို့သို့ ရောက်ရှိစဉ် ကယား ပြည်နယ်ကို ပုံမှန် အခြေ အနေအတိုင်းရောက်ရှိအောင်ဆောင်ရွက်ရန်၊ လူဦးရေနှင့် သန်းခေါင် စာ ရင်း ကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညွှန်ကြားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article