25.4 C
Yangon

တနင်္သာရီမြို့နယ်၊ လယ်တောင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ကျေးရွာအတွင်းသို့ အကြမ်း ဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၃ ရက် ည ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တနင်္သာရီမြို့၊ ဝပ်ဆင်တောင်( ဘုရားတောင်) ၌တပ်စွဲထားသော အကြမ်းဖက်စစ်သားများက လက်နက်ကြီးဖြင့် ၄ လုံးခန့်ပစ်ခတ်ခဲ့ ရာ လယ်တောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ မြိတ်မြို့ဆေးရုံသို့ တင်ပို့ကုသစဉ်သေဆုံးသွားကြောင်း၊ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

“သေတာကတော့ ဒေါ်ပိန်တစ်ယောက်ပဲ၊ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်။ တိုက်ပွဲမဖြစ်ပဲ နဲ့ ရမ်းပစ်နေတာ၊ တစ်ခါပစ်ရင် ၃ လုံး၊ ၄ လုံးလောက်ပစ်တယ်။ နှစ်ရက် သုံးရက်ခြား ပစ်နေတာ။ အဓိကပစ်တာက ပြည်ထောင်စုလမ်းဘက်ကို ပစ်တာ။ နေအိမ်တွေနားကျတာတွေလည်းရှိတယ်။ နေအိမ်ပျက်စီးမှုကတော့ အများကြီးတော့မရှိဘူး၊ လယ်တဲတစ်လုံဂတော့ ပျက်စီးတယ်။” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက တနင်္သာရီတိုင်းတွင် စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ၊ ပြည်သူများကို သတ်ဖြတ်မှုများ၊ နေအိမ်များမှ ပစ္စည်းလုယက်မှုများကို ကျူးလွန်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article