27 C
Yangon

ချောင်းဦးမြို့နယ်၊ ကန်ကြီးကုန်း ပျူစောထီးရွာကို ရိက္ခာနှင့် တပ်ကူ လာပို့သည့် စစ်ရေယာဉ် ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကန်ကြီးကုန်း ပျူစောထီးရွာကို ရိက္ခာနှင့် တပ်ကူ လာပို့သည့် စစ်ရေယာဉ် ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကန်ကြီးကုန်း ပျူစောထီးရွာကို ရိက္ခာနှင့် တပ်ကူလာပို့သည့် အကြမ်းဖက် စစ်တပ်၏ ရေယာဉ် ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက Rocket များ ၊ရှော့တိုက်ဒုံးများ၊ ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ဦး ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပကဖ) ၊ချောင်းဦးခရိုင် အမှတ် (၁၂) တပ်ရင်း ငမိုးရိပ်စစ်ကြောင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article