27 C
Yangon

ရှမ်း-ကရင်နီပြည် အစပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု စစ်ရှောင်ပြည်သူ ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည် အစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီခွဲအချိန် စစ်ကောင်စီက ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်၊ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချသော နေရာသည် စစ်ဘေးရှောင်စခန်းနှင့် စာသင်ကျောင်းနေရာဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူ ၉ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“လေယာဉ်က စစ်ဘေးရှောင်စခန်းကို တည့်တည့်လာပြီး ကျဲချသွားတာ။ အခုတော့ ကလေးတွေရော အမျိုးသမီးတွေရော ၉ ဦးသေဆုံးတယ်လို့ သိရတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့သေးတယ်။ စစ်ဘက်နေရာမဟုတ်ပါဘူး။ စစ်ဘေးရှောင်စခန်းပါ။ ပြည်သူတွေချည်း သီးသန့် စစ်ဘေးရှောင်တဲ့နေရာပါ” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ နံနက်ပိုင်းတွင်လည်း ဒီးမော့ဆို​မြို့နယ်၊ နန်းမယ်ခုံမြို့ကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ လူ ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

Photo Credit – Chit Sanlay Facebook ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article