27 C
Yangon

မြောက်ဥက္ကလာပမြို့နယ်၊ စိန်ပန်းမြိုင်ယာဉ်ထိန်းရဲလိုင်းခန်းကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ စိန်ပန်းမြိုင်ယာဉ်ထိန်းရဲလိုင်းခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ ည ၈ နာရီ ၂၇ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်း မြိုင် ယာဉ်ထိန်းရဲတန်းလျားကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲထိခိုက်သေဆုံးပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“မနေ့က ည ၈ နာရီခွဲလောက်တုန်းကတော့ ပေါက်ကွဲသံ အကျယ်ကြီးတစ်ချက်ကြားလိုက်ရတယ်။ ဘယ်မှာဖြစ်တာလဲတော့မသိဘူး။ အသံကတော့ တော်တော်ကြီးကို ကျယ်တာ” ဟု မြောက်ဥက္ကလာမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေး(ပကဖ)မြောက်ဥက္ကလာပ နှင့်အတူ Yangon UG (YUPA) တို့ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းနှင့် မြောက်ဥက္ကလာပ မြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှကို တိုက်ခိုက်သွားမည် ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ စခန်းများ၊ ဂိတ်များ၊ စစ်ကောင်စီတပ်သားများ နေထိုင်ရာ နေရာများမှ ရှောင်ရှားသွားလာကြပါရန်အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article