27 C
Yangon

ဖြူး-အုတ်ဖြတ် လမ်းပိုင်းတွင် စစ်တပ် ရိက္ခာကားနှင့် စစ်သား ၂ ဦး ဖမ်ဆီးရမိ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ၊ ရေဖြူကန်ရွာရှိ စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ဖြူး-အုတ်ဖြတ် လမ်းပိုင်းတွင် စစ်တပ် ရိက္ခာကားနှင့် စစ်သား ၂ ဦး ဖမ်ဆီးရမိ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ၊ ရေဖြူကန်ရွာရှိ စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဖြူး-အုတ်ဖြတ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာတင်ကား ၁ စီးနှင့် စစ်သား ၂ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ဖြူးမြို့နယ်၊ ဖြူး-အုတ်ဖြတ်လမ်း ပိုင်း၊ အောက်ခုံကျေးရွာတွင် အကြမ်းဖက်စစ်သား ၂ ဦးစီးနင်းလိုက်ပါလာသည့် ရိက္ခာသယ် ကား တစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း၊ ထို့သို့ ဖမ်းဆီးရရှိခဲ့ပြီးနောက် အ ကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်သားများ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အောက်ခုံကျေး ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာပို့ကားအားဖမ်းဆီးမှုကို PDF တပ်ရင်း ၃၅၀၂ တပ်ခွဲ – ၄ နှင့် ရန်ကုန်တိုင်း (ပကဖ) တိုက်ခိုက်ရေးတပ်ခွဲ – ၃ တို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ် ဒေသခွဲထံမှ သိရသည်။

စက်တင်ဘာလ ၄ ရက် ညနေ ၄ နာရီ ၃၇ မိနစ်အချိန်က ညောင်လေးပင်မြို့နယ်၊ ရေဖြူကန် ကျေး ရွာ အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ကျေးရွာနေပြည်သူများအား လူသား ဒိုင်းကာ ဓားစာခံအဖြစ် အသုံးချခြင်း၊ အကြောင်းမဲ့ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း စသည့် အကြမ်း ဖက်လုပ်ရပ်များ မကြာခဏလုပ်နေသဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ KNLA တပ်ရင်း ၉ ဒရုန်းတပ်ဖွဲ့၊ PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့ နှင့် တောကျီးကန်းဒရုန်းတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article