27 C
Yangon

ရွှေဘိုနှင့် ဝက်လက်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရွှေဘိုနှင့် ဝက်လက်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ဇီးကုန်းလေးရွာ ကင်းစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေး ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်းထားသော ကင်းစခန်းကို ရွှေဘိုမြို့နယ် ပကဖ ( PDO-Drone-Team-Federal-Wings Shwebo) တပ်ဖွဲ့က ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီးများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝက်လက်မြို့၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ စစ်တပ်ဘက်က လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်း တပ်ဖွဲ့ ၊ ဇာမဏီနဂါး တပ်ဖွဲ့ ၊ ဥပဒေ မီးတောက် တပ်ဖွဲ့နှင့် နယ်မြေခံ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article