31 C
Yangon

Breaking News- စစ်ကောင်စီက ကရင်နီ နှင့် ရှမ်းမြောက်တွင် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင်ရေးကို “ရန်နိုင်မင်း စစ်ဆင်ရေး” ဟု အမည်ပေးထားပြီး လေကြောင်း ထိုးစစ်နှင့် ခြေလျင်ထိုးစစ်များ ပူးတွဲ ဆောင်ရွက်နေ

Must read

Breaking News- စစ်ကောင်စီက ကရင်နီ နှင့် ရှမ်းမြောက်တွင် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင်ရေးကို “ရန်နိုင်မင်း စစ်ဆင်ရေး” ဟု အမည်ပေးထားပြီး လေကြောင်း ထိုးစစ်နှင့် ခြေလျင်ထိုးစစ်များ ပူးတွဲ ဆောင်ရွက်နေ

ရန်ကုန်၊ စက်တင်ဘာ ၇

အကြမ်းဖက် စစ်ကောင်စီက ကရင်နီနှင့်ရှမ်းပြည်မြောက်ပိုင်းတွင် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင် ရေးကို “ရန်နိုင်မင်း” စစ်ဆင်ရေးဟု အမည်ပေးထားပြီး လေကြောင်း ထိုးစစ်နှင့် ခြေလျင်ထိုး စစ်များ ပူးတွဲ ဆောင်ရွက်နေကြောင်း သိရှိရသည်။

ယခု စက်တင်ဘာလဆန်းပိုင်းတွင် စတင်လိုက်သော ရန်နိုင်မင်းစစ်ဆင်ရေးတွင် အဓိက အားဖြင့် စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရေး ဆောင်ရွက်နေကြောင်း၊ လေကြောင်းတိုက် ခိုက်မှုများနှင့်အတူ တပ်မတော် (ကြည်း)ကလည်း မြေပြင် ထိုးစစ်များကို အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရန်နိုင်မင်း စစ်ဆင်ရေး အတွက် မြေပြင်ကွင်းဆင်းသည့်အနေဖြင့် စက်တင်ဘာလ ၃ ရက်နေ့နှင့် စက် တင်ဘာလ ၄ ရက်နေ့တို့တွင် ကရင်နီပြည်နယ် (လွိုင်ကော်) နှင့် ရှမ်းပြည်နယ် (တောင်ကြီး) တို့ကို သွားရောက်ခဲ့ကြောင်း သိရှိရသည်။

ရန်နိုင်မင်း စစ်ဆင်ရေးစီမံချက်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်က မဟာဗျူဟာနှင့် မူဝါဒပိုင်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲနေပြီး စစ်ဆင်ရေး ဖော်ဆောင်မှုဆိုင်ရာ Operation ကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဆောင်ရွက်ရကြောင်း၊ နယ်မြေအပိုင်းအခြားအလိုက် စစ်ဗိုလ်ချုပ်များနှင့် နယ်မြေခံတိုင်း မှူးများကိုလည်း စစ်ဆင်ရေးအတွက် နယ်မြေအလိုက် တာဝန်ခံများ ခန့်အပ်ကာ Operation အသီးသီး ခွဲဝေ ပေး အပ်ထားကြောင်း ၊ စစ်ဆင်ရေး စီမံချက်တွင် နယ်မြေခံတပ်များ နှင့် စစ်ရုံးမှ ကြည်း၊ ရေ၊ လေ ပူးပေါင်း အဖွဲ့များ ဖွဲ့ စည်း ထားပြီး အချိန်တပြေးညီ တိုက်ခိုက်ရေး တာဝန်များကို ၂၄ နာရီ အချိန် ပြည့် ဖော်ဆောင်နေကြောင်း၊ စစ်ဆင်ရေး စီမံချက်သည် ယခုစက်တင်ဘာလဆန်းပိုင်းတွင် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

“စစ်ဆင်ရေးတွေက အချိန်ပြည့် ၂၄ နာရီ ဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ ပူး ပေါင်း စစ်ဆင်ရေးတွေက အချိန်ပြည့်နဲ့ အချိန်မရွေး ဖော်ဆောင်ဖို့ရှိနေပါတယ်။ အဓိကအားဖြင့်တော့ တစ်ဖက်အဖွဲ့အစည်းရဲ့ ဌာနချုပ်၊ စခန်းတွေနဲ့ စခန်း လို့ ယူဆရတဲ့နေရာတွေကို ကြည်းတပ်နဲ့ လေတပ် ပူးပေါင်း ဦးတည် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိပါမယ်။ ရေတပ်လိုအပ်တဲ့နေရာတွေမှာ ရေတပ်ပါ ပူးပေါင်းပါဝင်မှု ရှိပါမယ်။ သတိပေးချင်တာကတော့ တိုက်ခိုက်မှုတွေ အရင်ထက်ပိုမိုများပြားမှာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး)က ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လားရှိုး ရမခ၊ ရှမ်းမြောက် အပါအဝင် တစ် နိုင်ငံလုံးမြို့ပေါင်း ၇၀ ကျော် ရှိသော နယ်မြေများစွာ ဆုံးရှုံးပြီးနောက် စစ် ဆင်ရေးနှင့် ဆက်စပ်နေသော စစ်ဘက်နှင့်အရပ်ဘက် အစည်းအဝေးများတွင် လုပ်ဆောင်သင့်သည်များကို၊ လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်ရန် အချိန်ကျပြီဟု မကြာခဏ တဖွဖွ ပြောဆိုလျက်ရှိသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုပြီးနောက် ယင်းရွေးကောက်ပွဲမတိုင်မီ ရနိုင်သမျှ နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ရန် စစ်ဆင်ရေး စီမံချက်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စက်တင်ဘာလ ၃ ရက်နေ့နှင့် စက်တင်ဘာလ ၄ ရက်နေ့တို့တွင် ရန်နိုင်မင်း စစ်ဆင်ရေး စတင်မှု ကွင်းဆင်းသည့်အနေဖြင့် လွိုင်ကော်နှင့် တောင်ကြီးရှိ စစ်ဌာနချုပ်များသို့ မင်းအောင်လှိုင်က သွားရောက် စီစဉ် ညွှန်ကြားနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article