25.4 C
Yangon

ပြည်သူအပေါ် စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် စစ်ကောင်စီကို နိုင်ငံ တကာက လက်တွေ့ကျ ပြီး ထိရောက်သော အရေးယူမှုလုပ်ရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက တိုက်တွန်း

Must read

ပြည်သူအပေါ် စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် စစ်ကောင်စီကို နိုင်ငံ တကာက လက်တွေ့ကျ ပြီး ထိရောက်သော အရေးယူမှုလုပ်ရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက တိုက်တွန်း

ရန်ကုန်၊ စက်တင်ဘာ ၇

ကရင်နီပြည်သူများအပါအဝင်မြန်မာနိုင်ငံအတွင်းရှိ အပြစ်မဲ့ပြည်သူများအပေါ် စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီအား အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်း အားလုံးက လက်တွေ့ကျပြီး ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ပေးပါရန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ယမန်နေ့ တိုက်တွန်းထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်တပ်၏ အပြစ်မဲ့ပြည်သူများကို နည်းလမ်းပေါင်းစုံ စစ်ရာဇဝတ်မှုများ ကျူး လွန်နေမှု သည် ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်တစ်ခုကဲ့သို့ ဆက်လက်ပြီး လွယ်လင့်တကူမျက်ကွယ်မပြုဘဲ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (UN member states)၊ ဥရောပ အဖွဲ့ဝင် နိုင်ငံများ(EU)နှင့် အရှေ့ တောင်အာရှ အဖွဲ့ဝင် နိုင်ငံများ (ASEAN) တို့က လက်တွေ့ကျပြီး ထိရောက်သော အရေးယူဆောင် ရွက်မှုများကို ဖော်ဆောင်ပေးကြရန် လိုအပ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ က ပြောဆိုသည်။

အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံအသီးသီးက လက်နက်ခဲယမ်းတင်ပို့ရောင်းချမှုများနှင့်ပတ်သက်၍ တင်းကျပ်စွာ ပိတ် ဆို့ အရေးယူရန်၊ လေကြောင်းရန်မှ တားဆီးနိုင်ရန်အတွက် လေယာဉ်ဆီများ တင်ပို့ရောင်းချပေးမှု ကို လုံးဝရပ်တန့်ပေးသွားရန်၊ စစ်တပ်မှ ကျူးလွန်ခဲ့သည့် လူမျိုးပြုန်းဆိတ်သုန်းစေသော စစ်ရာဇဝတ် မှုများအား ထိရောက်စွာ နိုင်ငံတကာစစ်ခုံရုံးမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်နှင့် ကရင်နီ ပြည်သူများအပါအဝင် အတိဒုက္ခရောက်နေကြသည့် မြန်မာပြည်သူများ အားလုံးကို လူသားချင်း စာနာထောက်ထားမှု အကူအညီများအား တိုးချဲ့ပံ့ပိုး ကူညီပေးသွားရန်လိုအပ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဆက်လက် တောင်းဆိုသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်သူအပါအဝင် မြန်မာ ပြည်သူ တစ်ရပ်လုံးနှင့်အတူ အကြမ်းဖက်စစ်တပ်မှ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအား ဥပဒေအရ ကင်း လွတ်ခွင့်မရရှိစေဘဲ တရားမျှတစွာ ကမ္ဘာ့စစ်ခုံရုံးများသို့ တရားစွဲအပြစ်ပေး အရေးယူသွား နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားလျက် လေကြောင်းတိုက်ခိုက် မှုများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ရာ ကရင်နီပြည် အ တွင်း ၂၀၂၄ ခုနှစ်တွင် အရပ်သားပြည်သူပေါင်း ၂၄ ဦး သေဆုံးခဲ့ရပြီး ၄၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ဖယ်ခုံမြို့နယ် အနောက်ခြမ်းရှိ လအိကျေးရွာအနီးရှိ ဘန်ကောက်စစ် ဘေးရှောင်စခန်းအား အကြမ်းဖက်စစ် တပ်က လေကြောင်းဖြင့် ပေါင်ချိန် ၅၀၀ ဗုံးအသုံးပြုပြီး ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်နှင့်အထက်ရှိ ကျောင်းနေကလေးများအပါအဝင် အမျိုးသမီးများ အ ပြစ်မဲ့ ပြည်သူ စုစုပေါင်း ၉ သေဆုံးခဲ့ပြီး စုစုပေါင်း ၂၀ ဦး ဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လုပ်ရပ်သည် လူသားများ၏ ဘဝလုံခြုံစွာ ရှင်သန်ရပ်တည်ခွင့်ကို လက်နက် ကိုင် ပဋိပက္ခအတွင်း တရားလက်လွတ် ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ဓာတ်ပုံ- ဖယ်ခုံမြို့နယ်တွင် ယမန်နေ့ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားသော ကလေးငယ်တချို့ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article