25.4 C
Yangon

ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကြောင်လက်သည်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Fixedwings ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်တပ် အထိုင်စခန်းထဲကို ဗုံးသီး ၄ လုံးကျရောက် ပေါက်ကွဲခဲ့သောကြောင့် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း စခန်းအတွင်းမှ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုက စစ်ခွေး ၃ ကောင်သေတယ်။ ၄ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ကြောင်လက်သည်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်း တပ်ဖွဲ့ ၊ ဇာမဏီနဂါး တပ်ဖွဲ့ ၊ ဥပဒေ မီးတောက် တပ်ဖွဲ့နှင့် နယ်မြေခံ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article