27 C
Yangon

မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၁ လအတွင်း လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က စာထုတ်ပြန်ပြီးနောက် ပျူစောထီး မိသားစုဝင်များ စတင်ထွက်ပြေး တိမ်းရှောင်နေ

Must read

မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၁ လအတွင်း လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က စာထုတ်ပြန်ပြီးနောက် ပျူစောထီး မိသားစုဝင်များ စတင်ထွက်ပြေး တိမ်းရှောင်နေ

ရန်ကုန်၊ စက်တင်ဘာ ၇

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၁ လအတွင်း လက်နက်ချ အလင်းဝင်ရန် စာထုတ်ပြန်ပြီးနောက် ပျူစောထီး မိသားစုဝင်များ စတင်ထွက်ပြေး တိမ်းရှောင်လာကြောင်း အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့ အထိ ၁ လတာအတွင်း သရက်ကန်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနေဖြင့် လက်နက်ချ အလင်းဝင်ရန် အညာမြေ တပ်ပေါင်းစု တပ်ဖွဲ့က သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့သို့ လက်နက်ချ အလင်းဝင်ရောက်ခြင်းမရှိသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး အင်အားစုများအနေဖြင့် ကိုင်းတောမရဲစခန်း၊ ဝက်ပုတ်ပျူစခန်းနှင့် ရွာသစ်ရွာ တိုက်ပွဲများ ကဲ့သို့ သရက်ကန် ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု သတိပေးစာတွင် ဖော်ပြထားသည်။

လက်နက်ချ အညံ့ခံသူ အားလုံးကို ဂျနီဗာကွန်ဗန်းရှင်း ဥပဒေနှင့်အညီ ကာကွယ်မှုများ ပေးအပ်ဖြစ်ပြီး လက်နက်နှင့်တကွ အညံ့ခံ၍ ဘက်ပြောင်းလာသူများကို ဆုငွေနှင့် အခြားခံစားခွင့်များ ပေးအပ်မည်ဖြစ်ကာ ခုခံသူ အားလုံးသည် ရှေ့တွင်ကြုံတွေ့ရသောအဖြစ်ဆိုးများအတိုင်း ကြုံတွေ့ရမည်ဖြစ်ကြောင်း အညာမြေ တပ်ပေါင်းစု တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“မနေ့ကနဲ့ ဒီနေ့ သရက်ကန် ပျူစောထီးရွာက ပြည်သူ ၁၀ ဦး ထွက်ပြေးလာကြတယ်။ သူတို့ကို အရင်တည်းက လက်နက်ချဖို့ ပြောထားတာရှိတယ်။ အခုက တရားဝင် စာထုတ်ပြီး သတိပေးလိုက်တာပေါ့” ဟု အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article