27 C
Yangon

မြိုင်မြို့ပေါ်ရှိ စစ်တပ်ဂိတ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

မြိုင်မြို့ပေါ်ရှိ စစ်တပ်ဂိတ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၈

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းများကို 8+ အညာမြေစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း M.V.P Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၇ ရက် နံနက် ၇ နာရီမှ စတင်ပြီး မြိုင်မြို့ အရှေ့ဘက် မြိုင် -ပခုက္ကူလမ်းပိုင်း ပေါ်ရှိ စစ်တပ်ဂိတ်နှင့် နှစ်ထပ်တိုက်တို့ကို ဝင်ရောက်ခိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ ယင်းဂိတ်အနီးရှိ နှစ်ထပ်တိုက်ဘန်ကာကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ယင်းနှစ်ထပ်တိုက်ဘန်ကာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ဘန်ကာအနီးရှိ ကျန်ရှိနေသော ဘန်ကာ များကို ဖြိုဖျက်ရန် လက်နက်ကြီးအားနည်းခြင်း၊ ခဲယမ်းမလုံလောက်ခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး မြိုင်မြို့အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စည်ပင်ရုံး၊ ဥပဒေရုံးနှင့် ကြံ့ ဖွတ်ရုံးတို့ကိုလည်း ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။

“မနေ့က တိုက်ပွဲက စခ ၃ ဦးသေတယ်။ ဗိုက်ကို ရှပ်ထိတဲ့ စခတွေရောရှိတယ်။ ဒဏ်ရာရတဲ့သူတွေ ကိုတော့ မြိုင်မြို့နယ်ဆေးခန်းမှာ တင်ပို့ကုသာထားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ ဘယ်လောက်ရှိ တယ်ဆိုတာ မသိရဘူး။ စစ်အင်အားထပ်တိုးတာမျိုးလည်း မရှိပါဘူး” ဟု M.V.P Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို 8+အညာမြေစစ်ဆင်ရေးအဖွဲ့ ၊ M.V.P Revolution Force ၊ မြိုင်ပကဖ၊ မုံရွာ ခရိုင်းတပ်ရင်း ၂၇ တပ်ခွဲ ၃ သိန်းငှက်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ဆင်ရိုင်းရာဇာ၊ God of Myaing ၊ တပ်ရင်း ၁၆ တပ်ခွဲ ၃ ၊ Anya Myay Guerilla Force Myaing ၊ Cobra People Defense Force ၊ ကိုမုဆိုးအဖွဲ့ ၊ PKU Underground Force ၊ တမာမြေပြောက်ကျားတပ်ဖွဲ့ -မြိုင်၊ ဓာမင်းကြီးတပ်ဖွဲ့၊ ဂဋ္ဌုန် တပ်ရင်း ၁ တပ်ခွဲ ၂ နှင့် မြိုင်မြို့နယ် Drone အဖွဲ့များ ပူးပေါင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article