29 C
Yangon

နောင်ချိုမြို့နယ်၊ တောင်ခမ်း အမြောက်တပ် ၃၅၄ တပ်စခန်းနှင့် ကျေးရွာ ၂ ခုတို့တွင် TNLA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဆက်လက် ဖြစ်ပွား

Must read

နောင်ချိုမြို့နယ်၊ တောင်ခမ်း အမြောက်တပ် ၃၅၄ တပ်စခန်းနှင့် ကျေးရွာ ၂ ခုတို့တွင် TNLA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဆက်လက် ဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်း အမြောက်တပ် ၃၅၄ တပ်စခန်းနှင့် ကျေးရွာ ၂ ခုတို့တွင် TNLA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၄ နာရီ ၁၀ မိနစ် အချိန် သဲခေါ်ရွာတွင် လည်းကောင်း၊ နံနက် ၈ နာရီ ၄၀ မိနစ် အချိန် မကျီးရေရွာနှင့် စစ်ကောင်စီအမြောက် တပ် ၃၅၄ တပ်စခန်းတို့တွင် လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာရှိ စစ်ကောင်စီ အမြောက်တပ် ၉၀၂ တပ်စခန်းနေရာတွင် Y12ဖြင့် ၇ ကြိမ် ဗုံး ၃၈ လုံး၊ မကျီးရေရွာ Jet Fighter ဖြင့် ၂ ကြိမ်၊ စစ်ကောင်စီအမြောက်တပ် ၃၅၄ တပ်စခန်းနေရာတွင် Y12 ဖြင့် ၁၂ ကြိမ် ဗုံး ၆၀ လုံးလာရောက်ကြဲချခဲ့ကြောင်း၊ ထိုအပြင် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် ၉၀၂ တပ်စခန်းနေရာတွင် ထောက်ပိုယာဉ် Y12 ဖြင့် လက်နက်ခဲယမ်းများ ၈၃ ထုပ်လာရောက်ကြဲချခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြိုနယ် ကျောက်ဂူမှ နောင်ချိုမြိုနယ်အတွင်းသို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တောင်ခမ်းတွင် အမြောက်တပ်ရင်း ၄ ခုရှိသည့်အနက်မှ အမြောက်တပ် ၄၀၆ နှင့် အမြောက်တပ် ၂၀၆ တို့ကို သြဂုတ်လ ၂၈ ရက်နေ့တွင် TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိသော အမြောက်တပ် ၃၅၄ နှင့် အမြောက်တပ် ၉၀၂ တပ်တို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက် တိုက်ပွဲ ဝင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article