27 C
Yangon

Update News- ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ တစ်ရက်လုံး လေယာဉ်ဖြင့် ဗုံးကျဲမှုများ နေရာအနှံ့အပြားတွင် ဆောင်ရွက်ရန်ရှိနေ၊ လေတပ်အသီးသီးမှ ယနေ့ ပျံသန်းရမည့် လေယာဉ် စာရင်း များပြားနေပြီး ရန်နိုင်မင်း စစ်ဆင်ရေး ဆောင်ရွက်နေဟုဆို

Must read

Update News- ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ တစ်ရက်လုံး လေယာဉ်ဖြင့် ဗုံးကျဲမှုများ နေရာအနှံ့အပြားတွင် ဆောင်ရွက်ရန်ရှိနေ၊ လေတပ်အသီးသီးမှ ယနေ့ ပျံသန်းရမည့် လေယာဉ် စာရင်း များပြားနေပြီး ရန်နိုင်မင်း စစ်ဆင်ရေး ဆောင်ရွက်နေဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၉

အကြမ်းဖက်စစ်ကောင်စီက ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ တစ်ရက်လုံး နေ့အချိန်နှင့် ညအချိန်တွင်ပါ လေယာဉ်ဖြင့် ဗုံးကျဲမှုများ နေရာအနှံ့အပြားတွင် ဆောင်ရွက်ရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့ လေတပ်အသီးသီးက ပျံသန်းမယ့် အတက် တိုက်လေယာဉ် List တွေ များနေတယ်။ ရန်နိုင်မင်း စစ်ဆင်ရေးအောက်မှာ ပျံသန်းကြမှာ။ လေယာဉ်အတက်များတာက ဗုံးကျဲမှုတွေ များနိုင်တဲ့သဘောပါ။ ဒီနေ့ တစ်နေ့လုံး ၊တစ်ရက်လုံး၊ တစ်ညလုံး လွတ်မြောက်နယ်မြေဘက်တွေ သတိထားရမယ်ထင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး) က ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို င် အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချသဖြင့် ပြည်သူများထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁ အတွင်းသို့ လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခြင်းဖြစ်ကြောင်း၊ လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် လတ်တလော ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ရပ်ကွက် ၁ ၊ ဗျူဟာလမ်းနဲ့ တိုင်းရုံးဘက်လို့ ပြောတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ အကုန်လုံး ထွက်ပြေးနေရတယ်။ အဆောက်အအုံတွေ ပြိုကုန်တယ်။ ကားတွေလည်း ထိကုန်တယ်။ လေယာဉ်က ဝဲနေတုန်းပဲ။ ဗုံး ၂ လုံးကျဲပြီးသွားတာတောင် ထပ်ဝဲနေတယ်” ဟု လားရှိုးဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ တတိယအကြိမ်ဗုံးကျဲမှုဖြစ်ပြီး ပထမအကြိမ်အဖြစ် သြဂုတ် ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီတွင်လည်းကောင်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက “ရန်နိုင်မင်း စစ်ဆင်ရေး” အမည်ဖြင့် ဆုံးရှုံးထားသော နယ်မြေများအားလုံးကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးတစ်ရပ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်လိုက်ပြီး ယင်းစစ်ဆင်ရေးမှာ နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များကို အချိန်မရွေး ဆောင်ရွက်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုထားသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် Su 30 အမျိုးအစား တိုက်လေယာဉ် သစ်ကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article